သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-11
မြန်မာနဲ့ ရုရှားနိုင်ငံအကြား ရေနံရောင်းဝယ်ရာမှာ မြန်မာကျပ်ငွေ၊ ရုရှားရူဘယ်ငွေတို့နဲ့ တိုက်ရိုက်ပေးချေနိုင်အောင် နှစ်နိုင်ငံသဘောတူလက်မှတ် ထိုးသွားမယ်လို့ စစ်ကောင်စီဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။
2023-09-11
မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရှုတ်ချဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ပြင်သစ်က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
2023-09-11
အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်တာ၊ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတဲ့ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ ထင်ထင်ရှားရှားမြင်ရတယ်လို့ ဆိုပါတယ်။
2023-09-11
ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုရဲ့ ဖခင် အသက် ၆၈ နှစ်အရွယ် ဦးကျော်အေးကို စက်တင်ဘာလ ၁၀ ရက်၊ မနက် ၁၀ နာရီခွဲမှာ ရဲသုံးဦးက နေအိမ်အထိ လာရောက်ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2023-09-11
မုံရွာအကျဉ်းထောင်ထဲမှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် အစာအငတ်ခံဆန္ဒပြသူ နိုင်ငံရေး အကျဉ်းသား ၅၀ ဦးထိရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
2023-09-11
တနင်္သာရီတိုင်းမှာ ဩဂုတ်လအတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ကျော် တိုးလာတယ်လို့ ဒေါနတနင်္သာရီအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
2023-09-11
ဖာပွန်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းသူ၊ ကျောင်းသား သုံးဦး သေဆုံးခဲ့ပြီးနောက် စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။
2023-09-11
မြန်မာစစ်ကောင်စီအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်နိုင်သရွေ့ အာဆီယံအဖွဲ့ဟာ အရေးပါအရာရောက်ပြီး စွမ်းအားရှိတဲ့အဖွဲ့ မဟုတ်ပါဘူးလို့ The Washington Post သတင်းစာက တနင်္ဂနွေနေ့မှာ ဝေဖန်ရေးသားလိုက်ပါတယ်။
2023-09-11
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာအနီးက ရပ်မိရပ်ဖတွေက ယာယီဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို စစ်တပ်က စက်တင်ဘာ ၁၀ ရက် မနေ့ နေ့လယ်မှာ လေယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-11
မုံရွာအကျဉ်းထောင်မှာ အစာအငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ရပ်တည်ကြောင်း ထောင်ပြင်ပမှာရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေက “သံဖြတ်လွှ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။
2023-09-11
မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးပြီးနောက် ဒေသခံ ၁၁ ဦး ဖမ်းဆီးခံခဲ့ရသလို PDF ခေါင်းဆောင် ဗိုလ်လင်းမြွေ သေဆုံးခဲ့ပါတယ်။
2023-09-11
ပူတာအိုဒေသခံအများစုဟာ နှစ်ပေါင်းများစွာကတည်းက ရေခဲတောင်တွေကိုအမှီပြုပြီး စားဝတ်နေရေးအတွက် သဘာဝဆေးမြစ်တွေကို ရှာဖွေရောင်းချတဲ့အလုပ်ကိုပဲ လုပ်ကိုင်ခဲ့ကြတာပါ။
2023-09-11
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ဩဂုတ်အထိ မြေမြှုပ်မိုင်းအပါအဝင် စစ်တပ်က ထောင်ထားတဲ့ မိုင်းတွေကြောင့် အရပ်သား အယောက် ၂၀ သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ CHRO အဖွဲ့ က စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
2023-09-11
ဖားကန့်မှာ စက်တင်ဘာလ ၁၁ ရက် မနက်ပိုင်းက စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဟောင်ပါး ဒေသခံ ငါးရာဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2023-09-11
အာဏာသိမ်း နှစ်နှစ်ကျော်ကာလ ကြာပြီးနောက် ပြည်တွင်းစီးပွားရေး အကျပ်အတည်းကို ကြုံနေရတဲ့ စစ်ကောင်စီဟာ စီးပွားရေးတည်ငြိမ်ဖို့ အပြင်းအထန် ကြိုးစားနေရပါတယ်။