သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-21
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်က သဖန်းဆိပ်ဆည်တည်ဆောက်ချိန်မှာ နေရပ်ရွှေ့ပြောင်း ပေးရတဲ့ တောင်သူလယ်သမားတွေက မြေယာလုပ်ပိုင်ခွင့် လျှောက်ထားတဲ့အခါ သစ်တောမြေဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားဝင်လုပ်ပိုင်ခွင့် အထောက်အထား ခုထိမရသေးတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2020-01-21
မြန်မာနိုင်ငံတွင်းက စစ်ဘေးဒဏ်သင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် တပ်မတော်အပါဝင် လက်နက်ကိုင်ပဋိပက္ခမှာပါဝင်သူတွေအားလုံး ပူးပေါင်းပါဝင်ကြဖို့ ကုလသမဂ္ဂက ဇန်နဝါရီ ၂ဝ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2020-01-21
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံကိုဆက်သွယ်မယ့် ကုလားတန် စီမံကိန်းကို အခက်အခဲတွေရှိပေမယ့် ပြီးဆုံးအောင်အကောင်အထည်ဖော်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri. Saurabh Kuma က ပြောဆိုလိုက်ပါတယ်။
2020-01-21
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ် ခူမီးအမျိုးသား ဦးဝှေ့တင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီး ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2020-01-21
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတာကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ မြန်မာ စံတော်ချိန် ၃ နာရီခွဲမှာ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်မှာပါ။
2020-01-21
မြန်မာ-တရုတ်နယ်စပ်မှာ လူကုန်ကူးသူတွေလက်ထဲက ပြန်လည်ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ စစ်ကိုင်းတိုင်းက မင်းကွန်းသူဟာ မူဆယ်နယ်စပ်မြို့ကနေ မန္တလေးသို့ ရောက်ရှိလာပြီးတော့၊ မင်းကွန်းက သူ့မိသားစုနဲ့ ပြန်လည်ပေါင်း စည်းနိုင်ခဲ့ပါတယ်။
2020-01-21
အပစ်ရပ် လက်နက်ကိုင် ၁ဝ ဖွဲ့ထဲမှာ တပ်မတော်နဲ့ တိုက်ပွဲပြန်ဖြစ်မှု အများဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ RCSS/SSA အဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စိုင်းငင်းက သူတို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း တပ်ပိုင်းဆိုင်ရာကိစ္စတွေ ပြေလည်နိုင်ဖို့ ဒီလ မကုန်ခင် တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးမယ်လို့ ပြောလိုက်ပါတယ်။
2020-01-21
တရုတ်ပြည်မှာ ကလေးထိန်းအလုပ်က လစာကောင်းတယ်ဆိုပြီး စည်းရုံးခံရတဲ့ စစ်ကိုင်း မင်းကွန်းနယ်က ဆယ်ကျော်သက် မိန်းကလေးဟာ တရုတ်မယားအဖြစ် ရောင်းစားခံလိုက်ရပြီး ပြန်လွတ်လာပါတယ်။
2020-01-20
ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့အကြီးဆုံးခေါင်းဆောင် သမ္မတရှီကျင့်ဖျင်က နှစ်နိုင်ငံသံတမန် ထူထောင်တဲ့အနှစ် ၇ဝ ပြည့်ချိန်ကို အကြောင်းပြုပြီး မြန်မာနိုင်ငံကို လာသွားခဲ့ပါပြီ။ ဒီခရီးစဉ်အတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မယ့် သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနဲ့ စာချုပ်ပေါင်း ၃၃ ခု ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2020-01-20
လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ၂၀၁၇ တုန်းက ရခိုင်မြောက်ပိုင်းစစ်ဆင်ရေးမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားပေမယ့် ရည်ရွယ်ချက်ရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး မတွေ့ခဲ့ရဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)က သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-01-20
အခြေခံပညာကျောင်းတွေရဲ့ စာသင်ကာလ တိုးမြှင့်သတ်မှတ်ထားတာကို မန္တလေး ပညာရေးကောလိပ်နဲ့ မုံရွာ ပညာရေး ကောလိပ်က ကျောင်းသားတွေစုပေါင်းပြီး မန္တလေးမြို့မှာ ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2020-01-20
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ ဒီနေ့မနက် ၄ နာရီ လောက်က ရွာထဲကနေအိမ်တစ်လုံးကို သေနတ်ကျည်ကျရောက်လို့ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး ယာဘက်ခြေထောက်မှာ ကျည်ထိမှန်ဒဏ်ရာရသွားပါတယ်။
2020-01-19
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ စေတနာ့ဝန်ထမ်း ကချင်ဆရာမ နှစ်ဦး အဓမ္မပြုကျင့် အသတ်ခံခဲ့ရမှု အမှုမှန်ပေါ်ပေါ်ဖို့ မိသားစုဝင်တွေနဲ့ အမှုမှန်ပေါ်ပေါက်ရေးကော်မတီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2020-01-19
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ထိရောက်မယ်လို့ ယုံကြည်ကြောင်း ဘာသာရေးခေါင်းဆောင်တွေက ပြောကြပါတယ်။
2020-01-19
ရခိုင်ပြည်နယ်မှာ သုံးရက်အတွင်း တိုက်ပွဲမရှိပေမယ့် မင်းပြားမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲတာ၊ မိုင်းပေါက်ကွဲတာတွေကြောင့် အရပ်သား ကိုးယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။