သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-14
ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် မနေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ကိုရောက်နေတဲ့ မြင်းခြံမြို့က လမ်းလျှောက်တဲ့အဖွဲ့ဟာ ဒီနေ့ လိုင်ဇာအနီးရှိ ဒုက္ခသည် စခန်းတွေကို လှည့်လည်ကြည့်ရှုပြီး အလှူငွေတွေပေး အပ်ခဲ့ပါတယ်။
2013-03-14
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာဟာ နိုင်ငံအတွက် အကောင်း ဆုံးဖြစ်နိုင်အောင် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ တုံရွာ သပိတ်စခန်းက ဆန္ဒပြသံဃာတော်တွေနဲ့ တွေ့ဆုံစဉ်မှာ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2013-03-14
ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းအနေနဲ့ ရှမ်းပြည်နယ် ထဲမှာ နေထိုင်နေတဲ့ တိုင်းရင်းသားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးစတဲ့ကဏ္ဍတွေမှာ ကူညီပေးသွား မယ်လို့ အထူးကိုယ်စားလှယ် မစ္စတာ ယိုဟီဆာစာကာဝါက ကတိပေးပြောကြားခဲ့ပါတယ်။
2013-03-14
နိုင်ငံတော် ခရီးစဉ်အဖြစ်နဲ့ နယူးဇီးလန်နိုင်ငံ အောက်ကလန်မြို့ကို ဒီကနေ့ရောက်ရှိသွားတဲ့ သမ္မတဦးသိန်းစိန်ကို နယူးဇီလန် ဘုရင်ခံချုပ်က နယူးဇီလန်အစိုးရအိမ်တော်မှာ အခမ်းအနား နဲ့ ကြိုဆိုခဲ့ပါတယ်။
2013-03-14
သမ္မတရုံးက ဖွဲ့စည်းထားတဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ အတည်ပြုထုတ်ပြန် လိုက်ပါတယ်။
2013-03-14
ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်း ကို ရပ်ဆိုင်းထားပြီး စာနယ်ဇင်းအပါအဝင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဖြေရှင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လိုအပ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
2013-03-13
ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းဟာ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေက ဒုက္ခသည်တွေကို အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော် လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ အင်ယားလိပ်ဟိုတယ်မှာ အင်္ဂါနေ့ က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2013-03-13
ထိုင်းမြန်မာနယ်စပ်၊ တက်ခ်ခရိုင်ရှိ နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ၉၉ ယောက်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တတိယနိုင်ငံ ထွက်ခွာခွင့်ပြု လိုက်တယ်လို့ သိရှိရပါတယ်။
2013-03-13
၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပေါ်လာဖို့ အစပျိုးလိုက် တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာထိမှန်ပြီး ကျဆုံးခဲ့တဲ့ ၂၅ နှစ်မြောက်နေ့ကို တရားဝင် အစိုးရရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးသင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
2013-03-13
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် လက်အောက်မှာရှိတဲ့ ဆန်စပါး အထူးပြု ကုမ္ပဏီတွေ အပါအဝင် စိုက်ပျိုးရေး ကုမ္ပဏီတွေအနေနဲ့ ပေါင်းစည်းလယ်ယာစနစ် Contract farming System ကိုအသုံးပြုပြီး လာမယ့်စိုက်ပျိုးရာသီမှာ လယ်ဧက တစ်သန်းကျော် စိုက်ပျိုးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
2013-03-13
အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ ပညာသင်ကြားလိုတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ Fulbright နိုင်ငံရပ်ခြားကျောင်းသား ပညာသင်ဆုကို ၂၀၁၄ ခုနှစ်အတွက် စတင် လျှောက်ထားနိုင်ပြီလို့ အမေရိကန်သံရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန် လိုက်ပါတယ်။
2013-03-13
မနေ့က လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန် လိုက်တဲ့ အစီရင်ခံစာပါ အချက်တွေကို မကျေနပ်ကြတဲ့ လက်ပန်းတောင်းတောင် ဒေသခံတွေဟာ ဒီကနေ့ နေ့လည်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ တုံရွာထိပ်ကနေ မြန်မာ ဝမ်ပေါင် ကုမ္ပဏီရှေ့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါ တယ်။
2013-03-13
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကို ရပ်ဆိုင်းပစ်လိုက်မယ်ဆိုရင် မိမိတို့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးမရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကြေးနီတောင်စီမံကိန်းဒေသခံတွေ နဲ့ တွေ့ဆုံစဉ် ပြောလိုက်ကြောင်းသိရပါတယ်။
2013-03-12
လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွဲမှုမှာ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက မီးစုန်းဓာတ်လို့ခေါ် တဲ့ ဖော့စ်ဖရပ်စ်ဓာတ်ပါတဲ့ဗုံးတွေ အသုံးပြုခဲ့တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ဆန့်ကျင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
2013-03-12
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကျဆုံးခဲ့ပြီး တပါတီအုပ်ချုပ်ရေးစနစ်အောက်ကနေရုံးထွက်ဖို့ ကျောင်းသားလှုပ်ရှားမှုကြီး စတင်ခဲ့တဲ့ဖြစ်ရပ်ဟာ ဒီနေ့ ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကျောင်းသားဟောင်းတချို့ရဲ့ စကားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။