သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-02
နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ချုပ် NSCN –K ဌာနချုပ်ကို မြန်မာ့တပ်မတော်က ဝင်ရောက်နေရာယူ ထားတာဟာ အန္ဒိယအစိုးရရဲ့ တောင်းဆိုချက်ကြောင့်လို့ သိရကြောင်း NSCN-K ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန် က RFA ကိုပြောပါတယ်။
2019-02-02
ရခိုင်ပြည်နယ် မြို့နယ် ၇ ခုမှာ AA အဖွဲ့က ပြည်သူတွေနဲ့ရောနှောနေတာ ရှိ၊ မရှိ သိနိုင်ဖို့အတွက် ဝင်ရောက် စစ်ဆေးတာတွေလုပ်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေကို ညွှန်ကြားလိုက်တာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
2019-02-01
သရက်ခရိုင် သရက်မြို့မှာ မနေ့ညက ဘောလုံးပွဲအပြန် လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာက ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲခဲ့လို့ ၁၈ ဦးဒဏ်ရာရခဲ့ပြီး ၂ ဦးကို သရက်ခရိုင်ဆေးရုံမှာ တင်ထားရပါတယ်။
2019-02-01
မကွေးတိုင်း သရက်မြို့နယ် လမ်းမတော်လမ်းမှာ မနေ့ညပိုင်းက သရက်မြို့ ဒေသခံတွေကြား ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ် ဖြိုခွင်းတဲ့အတွက် ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2019-02-01
၁၉၈၈ ခုနှစ်နောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ မြန်မာနိုင်ငံကို တရုတ်ရဲ့အကြွေးနွံမှာ နစ်စေခဲ့သလို၊ ရခိုင်အရေးကြောင့် နောက်တချီပြန်လာတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကပဲ အဲဒီအကြွေးနွံအောက်က ရုန်းထွက်လို့မရနိုင်တဲ့ အခြေအနေ ဖြစ်စေမယ်လို့ မြန်မာ့အရေးလေ့လာသူ ဘာတေးလ်လစ်တနာက သုံးသပ်ပြောဆိုလိုက်ပါတယ်။
2019-02-01
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်နေသူတွေရဲ့ သပိတ်စခန်းကို ဒီနေ့မနက်ပိုင်းမှာ အာဏာပိုင်တွေက ဖြိုခွင်းလိုက်ပါတယ်။
2019-02-01
လွှတ်တော်တွင်းမှာရှိတဲ့ မတူညီတဲ့ပါတီတွေက ကိုယ်စားလှယ်တွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး မတိုက်ခိုက်ကြဘဲ၊ တခြားသူတွေရဲ့ အရည်အချင်းတက်လာအောင် ဝေဖန်ထောက်ပြတာမျိုး ဖြစ်ဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2019-02-01
ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ “ကရင်အမျိုးသားအစည်းအရုံး” KNU အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့တာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အနှစ် ၇ဝ ပြည့်ပြီ ဖြစ်ပါတယ်။
2019-02-01
ရိုက်သတင်းထောက်နှစ်ဦးအမှုကို ပြည်ထောင်စုတရားလွှတ်တော်ရုံးကို ဒီနေ့အယူခံတင်လိုက်ပါတယ်။
2019-02-01
ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သေနတ်သမားကြည်လင်းကို ပြစ်ဒဏ်လျှော့ပေးဖို့နဲ့ ဇေယျာဖြိုး အပါအဝင် ကျန်ရှိသူတွေကို အမှုကနေ တရားသေလွှတ်ပေးဖို့ တရားခံရှေ့နေတွေက တရားရုံးမှာ ဒီနေ့ လျှောက်လဲချက်တင်ခဲ့ပါတယ်။
2019-02-01
NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အခြေအနေ ပိုမိုဆိုးရွားလာကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2019-02-01
ထောင် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့အမှုကို ရန်ကုန်တိုင်း တရားလွှတ်တော်မှာ တင်ပြခဲ့တဲ့ အယူခံကို ပလပ်လိုက်တာကြောင့် နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ဒီကနေ့ ပြင်ဆင်မှု တင်လိုက်ပါတယ်။
2019-02-01
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း စွဲချက်တင်ခံရသူအားလုံးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်မယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။
2019-02-01
ဒီမိုကရေစီစနစ်အခြေခိုင်မာဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စတွေဟာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2019-02-01
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ ပြန်လည်ဆောင်ရွက်နေတဲ့အပေါ် သပိတ်စခန်းဖွင့် ကန့်ကွက်နေသူတွေကို ရဲတပ်ဖွဲ့က ဒီနေ့မနက်က ဖမ်းဆီးလိုက်ပြီး ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ လွိုင်ကော်မြို့နယ် ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။