လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံကိစ္စမှာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


2019.02.01
dassk-parliament-622.jpg ဒုတိယအကြိမ် လွှတ်တော် ၃ နှစ်မြောက် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မိန့်ခွန်းပြောကြားစဉ်
Photo: Win Ko Ko Latt/RFA

ဒီမိုကရေစီစနစ်အခြေခိုင်မာဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စတွေဟာ လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ တာဝန်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ ဒုတိယအကြိမ် လွှတ်တော် ၃ နှစ်မြောက် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီတာဝန်ကို ထမ်းဆောင်တာဟာ ဒီမိုကရေစီကို ပြုစုပျိုးထောင်တာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NLD ပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ တရပ်ဖွဲ့စည်းဖို့ အရေးကြီးအဆိုတင်ပြီးတဲ့ အချိန်မှာ အခုလို ပြောတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အတိုက်အခံဆိုတာ တိုက်ခိုက်ဖို့မဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး အရည်အချင်းတက်အောင် ဆောင်ရွက်ကြ ဖို့ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။