သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-12
ရန်ကုန်ကနေ ပျံသန်းလာတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA (Myanmar National Airlines) က လေယာဉ်တစ်စီးဟာ ဒီနေ့မနက် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကွင်းဆင်းချိန်မှာ ရှေ့ဘီးချမရဘဲ လေယာဉ်ကိုယ်ထည်နဲ့ ဆင်းသက်ခဲ့ရပြီး လေယာဉ်မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
2019-05-12
ရခိုင်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရင် ရိုဟင်ဂျာ ပြဿနာကို ပြေလည်စေနိုင်တယ်လို့ တရုတ်သံအမတ်ကြီးရဲ့ ပြောဆိုချက်ကို ဘင်္ဂလာဒေ့ရ်ှအရာရှိနဲ့ နိုင်ငံရေးလေ့လာသူတွေက သောကြာနေ့က ဝေဖန်လိုက်ပါတယ်။
2019-05-11
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံကြိုဆိုတဲ့ ဆန္ဒပြပွဲကို လားရှိုးမြို့မှာ ဒီမနက်က ကျင်းပခဲ့ပါတယ်။
2019-05-11
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ အဖွဲ့ဖြစ်ကြောင်းနဲ့ လက်ရှိအချိန်မှာ ကော်မရှင်ကို တိုင်ကြားစာတွေ ဖောင်းပွနေကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
2019-05-11
ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက ၂၁ ဦးကို ဒီနေ့ညနေမှာ ပြန်လွှတ်ပေးလိုက်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။
2019-05-11
ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့အကြား အပစ်ရပ်မယ်လို့ နှစ်ဘက်တပ်ခေါင်းဆောင်တွေက ဒီနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-05-11
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံကြိုဆိုပွဲကို လားရှိုးမြို့မှာ ဒီနေ့ မနက်က ကျင်းပရာမှာ တိုင်းရင်းသား ဘာသာစကားနဲ့ ဟောပြောခွင့် မရခဲ့ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
2019-05-11
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ အဖွဲ့ဖြစ်ကြောင်းနဲ့ လက်ရှိအချိန်မှာ တိုင်ကြားစာတွေ ဖောင်းပွနေကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
2019-05-11
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေကနေ စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို မနက်ဖြန် နောက်ဆုံးထားပြီး သူတို့ရဲ့မူလမြို့နယ်တွေကို ပြန်ခိုင်းဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖိအားပေးနေတယ်လို့ စစ်ဘေးဒုက္ခသည် ၇၀ ကျော် ခိုလှုံနေတဲ့ စစ်တွေမြို့ အမျိုးသားကျောင်းတိုက် တာဝန်ခံဆရာတော် ဦးသုနန္ဒက RFA ကို ဒီနေ့ မိန့်ကြားပါတယ်။
2019-05-11
၂ဝ၁၉ မေ ၁၁ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျဉ်းထောင်ဆန္ဒပြမှုများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-05-11
ချင်းပြည်နယ် မတူပီမြို့ လျှပ်စစ်ဌာန ဝန်ထမ်းတစ်ဦးကို မီးဖြတ်လို့ဆိုပြီး မတူပီဌာနေတပ်က တပ်မတော်သား ခြောက်ဦးက လာရောက်ပြီး ရိုက်နက်သွားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က မေလ ၁ဝ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
2019-05-11
ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို အဆင်းမှာ လမ်းချော်သွားတဲ့ ဘင်္ဂလာဒေ့ရ်ှနိုင်ငံက ဘာမင်လေကြောင်းလိုင်းက လေယာဉ်မှူးနဲ့ ဝန်ထမ်းများ သောကြာနေ့က ဘာမင်အထူးလေယာဉ်နဲ့ ဘင်္ဂလာဒေ့ရ်ှနိုင်ငံကို ပြန်လည်ထွက်ခွာသွားပါတယ်။
2019-05-10
သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကျေနပ်မှုမရှိတာကြောင့် ဆက်တိုက်ဆိုသလို အကျဉ်းထောင် ခြောက်ခုမှာ ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီး သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ ယူဆကြောင်း၊ ဒီအဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးသွားမယ်လို့ သမ္မတရုံးက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2019-05-10
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အရပ်သားတွေကို တပ်မတော်က ဖမ်းဆီးစစ်ဆေးမှုတွေအတွင်း အရပ်သားတွေ သေဆုံး ပျောက်ဆုံးတာ၊ ထိခိုက်နစ်နာတာတွေအတွက် ဘယ်လိုဥပဒေတွေက ကာကွယ်ပေးနိုင်ပါသလဲ...။
2019-05-10
ရိုဟင်ဂျာ ဒုက္ခသည်အရေး သုတေသနအစီရင်ခံစာရေးသားသူ Refugee International အဖွဲ့က Daniel Sullivan ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဝါရှင်တန်ဒီစီ RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။