သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-02
လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံ မှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးရေး အမြင်တွေကို ခေတ်သစ်အမြင်တွေ ဖြစ် လာအောင် မြှင့်တင်ပေးဖို့ လိုအပ်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
2013-03-02
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုခဲ့တဲ့ သပိတ်စခန်း ဖြိုခွဲခံရမှုမှာပါဝင်တဲ့ အကြမ်းဖက်တဲ့သူတွေကို အခုချိန်အထိ စစ်ဆေးအရေးယူတာတွေ မရှိတာကြောင့် ဒီကနေ့ မနက် ၃ နာရီမှာ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်ထဲရွာမှာ အိမ်ခြေ ၁၅ဝ ကျော်က မကောင်းဆိုးဝါး နှင်ထုတ်ပွဲ တစ်ရပ်ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
2013-03-01
ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ဖင်လန်ဝန်ကြီးချုပ်ဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Martti Ahtisaari က သောကြာနေ့က ပြောလိုက်ပါတယ်။
2013-03-01
မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုဟာ နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက ပြောပါတယ်။
2013-03-01
မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ အပစ်အခတ်ရပ်စဲထားပြီဆိုပေမယ့် ကရင်ပြည်နယ်တချို့ဒေသမှာ အစိုးရနဲ့ KNU နှစ်ဘက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ခွဲဝေမှုရှုပ်ထွေးနေသေးသလို တပ်တွေနေရာချထားရေးမှာလဲ သေသေချာချာ မသတ်မှတ်ရသေးဘူးလို့သိရပါတယ်။
2013-03-01
မြန်မာပြည်မြောက်ပိုင်း မေခမြစ်ဒေ သ ဆော့လော် လော့ခေါင်ဒေသမှာ ကေအိုင်အိုနဲ့ အစိုးရတပ်တွေ မနေ့ကအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
2013-03-01
ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ ၂၆ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ကို မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။
2013-03-01
မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှု ဟာ နှစ်ပေါင်းများစွာအတွင်း ဈေးကွက် ကျဆင်းနေရာကနေ ဒီနှစ်မှာ သိသိသာသာ စံချိန်တင်မြင့်တက်လာပါတယ်။
2013-03-01
ထိုင်းနိုင်ငံက ထိုင်းငါးဖမ်းလှေတစ်စီးပေါ် ကို လူကုန်ကူးသူတွေက ရောင်းစားခံခဲ့ ရတဲ့ မြန်မာပြည်သား ၁၄ ဦးကို မနေ့ညနေ က ထိုင်းအထူးရဲတပ်ဖွဲ့ DSI၊ ထိုင်းနိုင်ငံရောက် မြန်မာပြည် သားများအဖွဲ့ MAT တို့ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
2013-03-01
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ မနေ့ညပိုင်း က လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြသူတွေထဲက ဦးဆောင်သူ ၅ ဦး ကို ပြည်မြို့ရဲစခန်းမှူး ရဲအုပ် ဦးလှထွန်းက တရားလိုပြုလုပ် ပြီး ပုဒ်မ (၁၈) နဲ့ ဒီကနေ့မှာ တရားစွဲလိုက်တယ်လို့ သိရပါ တယ်။
2013-03-01
ရန်ကုန်မြို့မှာရှိတဲ့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒီကနေ့မှာ လုံးဝပိတ်သိမ်းလိုက်ပြီး ဝင်ခွင့်မပေးတော့တာကြောင့် ကားပွဲစားတွေနဲ့ ဈေးရောင်းချသူတွေ အင်အားတစ်ထောင်ကျော်လောက်ဟာ ဟံသာဝတီ ကားဝင်းရှေ့ကနေ မြို့တော်ခန်းမရှေ့ကို ကားစီးရေ ၃၀ ကျော်နဲ့ သွားရောက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
2013-03-01
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်အာဖရိ ကနိုင်ငံက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ခရစ်ယန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး (Archbishop Desmond Tu Tu) ဟာ ဒီကနေ့မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ နဲ့ သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ရုံးချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။
2013-03-01
မြန်မာနိုင်ငံမှာ တရားလွှတ်တော် ရှေ့နေများကောင်စီ (Myanmar Bar Council) ဥပဒေသစ် မူကြမ်းထဲမှာ နိုင်ငံတော် ရှေ့နေချုပ်ရုံးက လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အချက်ကို ပြင်ဆင်ပြီး၊ နိုင်ငံတကာ တရားလွှတ်တော်များကောင်စီ (ဘားကောင်စီ) တွေရဲ့ အဆင့်အတန်းနဲ့အညီ ဥပဒေပြဌာန်းနိုင်ဖို့ ရန်ကုန်မြို့ အခြေစိုက် ရှေ့နေများကွန်ရက်အဖွဲ့က ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
2013-03-01
ဝါရှင်တန်ဒီစီမြို့တော်ရှိ အမေရိကန် အောက်လွှတ်တော် မှာ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကြားနာပွဲတရပ် ကို ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2013-02-28
ပြည်မြို့မှာ လျှပ်စစ်မီး ပုံမှန်ရရှိဖို့ အတွက် ဒေသခံပြည်သူ ၅၀၀ ဝန်းကျင်က မနေ့ည ၇ နာရီမှာ ဖယောင်းတိုင်တွေထွန်းပြီး ငြိမ်းငြိမ်း ချမ်းချမ်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။