ယာဉ်အရောင်းအဝယ်စခန်းပိတ်လို့ ကားပွဲစားတွေ ဆန္ဒပြ


2013.03.01
car-sale-service-305 ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပိတ်သိမ်းရေး ဆန္ဒပြသူများးကို မတ်လ ၁ ရက်နေ့က တွေ့ရစဉ်
Photo : RFA/ Nay Thwe

ရန်ကုန်မြို့မှာရှိတဲ့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒီကနေ့မှာ လုံးဝပိတ်သိမ်းလိုက်ပြီး ဝင်ခွင့်မပေးတော့တာကြောင့် ကားပွဲစားတွေနဲ့ ဈေးရောင်းချသူတွေ အင်အားတစ်ထောင်ကျော်လောက်ဟာ ဟံသာဝတီ ကားဝင်းရှေ့ကနေ မြို့တော်ခန်းမရှေ့ကို ကားစီးရေ ၃၀ ကျော်နဲ့ သွားရောက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒီကားဝင်းထဲမှာ စီးပွားရေးလုပ်ကိုင်နေတဲ့လူတွေရဲ့ ဆန္ဒမပါဘဲ ကားပွဲစားတန်းကို ပြောင်းရွေ့တာဟာ နစ်နာဆုံးရှုံးမှုတွေဖြစ်တယ်လို့ ဟံသာဝတီ ယာဉ်ရပ်နားရေးစခန်း မပြောင်းရွေ့ရေး ကော်မတီ ဥက္ကဌ ဦးမင်းကိုမြင့်က RFAကို ပြောပါတယ်။

ဒီကနေ့ဆန္ဒပြပွဲဟာ ၃ ကြိမ်မြောက်ဖြစ်ပြီး အာဏာပိုင်တွေဘက်က တောင်းဆိုချက်တွေကို မလိုက်လျောပေးဘူးဆိုရင် ဆက်လက်ဆန္ဒပြသွားဦးမယ်လို့ ဦးမင်းကိုမြင့်က ပြောပါတယ်။

အဲ့ဒီကားဝင်းထဲမှာ ဈေးသည်တွေ၊ ကားရေဆေးသမားတွေနဲ့ ကားပွဲစားတွေအပါအဝင် လူဦးရေ စုစုပေါင်း ၃ သောင်းကျော် လုပ်ကိုင်စားသောက်နေကြရတာဖြစ်ပြီး၊ အလုံမြို့နယ်မှာရှိတဲ့ သီရိမင်္ဂလာဈေးဟောင်းနေရာကို ရက်ပိုင်းအတွင်း ပြောင်းရွေ့ဖို့ အခက်အခဲတွေရှိတာကြောင့် အခုလို ဆန့်ကျင်ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။