သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-14
ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာမှာ ဧပြီ ၁၄ ရက် ညနေက စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ခုနစ်လုံး ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
2024-04-14
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မှာ သင်္ကြန်ရေကစားဖို့ရောက်နေတဲ့ တစ်ချိန်တည်းမှာပဲ အခုလိုပစ်ခတ်တိုက်ခိုက်သံတွေကြားရတာလို့ ဆိုပါတယ်။
2024-04-14
တော်လှန်ရေးအဖွဲ့သားတွေ အချင်းချင်းစည်းလုံးကြဖို့လည်း တိုက်တွန်းထားပါတယ်။
2024-04-14
တိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီဘက်က အယောက် ၂ဝ သေဆုံးသွားတယ်လို့ NUG ကာကွယ်ရေးဌာနက ပြောပါတယ်။
2024-04-14
ရက္ခိုင့်တပ်တော် (AA) က သိမ်းယူထားတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့က မြို့မဈေး မီးလောင်ခဲ့တာကြောင့် ဆိုင်ခန်းတစ်ရာကျော် ပျက်စီးသွားပါတယ်။
2024-04-14
မောင်တောမြို့နယ်မြောက်ပိုင်း တိုက်ပွဲအတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ကိုးဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးလာပါတယ်။
2024-04-14
မောင်တောမြို့နယ်မြောက်ပိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရ နယ်ခြားစောင့်ရဲစခန်းက တပ်ဖွဲ့ဝင် အင်အားသုံးရာနီးပါးဟာ တပ်စခန်းကိုစွန့်ခွာသွားပါတယ်။
2024-04-14
ချမ်းအေးသာစံမြို့နယ်အတွင်းက မြို့တော်ဝန်မဏ္ဍပ်အနီးမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့တာကြောင့် လာရောက်လည်ပတ်သူ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-04-14
ဖားကန့်မြို့နယ် နန့်ယားကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်သုံးဆယ်ကျော် ပျက်စီးသွားပါတယ်။
2024-04-14
ကျောက်ဖြူမြို့နယ်အတွင်းက ကုလားပိုက်ဆိပ်ရပ်ကွက် မီးလောင်ကွင်းအနားမှာရှိတဲ့ နေအိမ်နှစ်ရာနီးပါးကို စစ်ကောင်စီတပ်က အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။
2024-04-13
မြဝတီမြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီ တင့်ကားတွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကျားဖြူစစ်ကြောင်းအပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့နယ် ချောင်းဖျား၊ မြပတိုင်၊ ကော့နွဲ့ စတဲ့နေရာတွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
2024-04-13
အာဏာသိမ်း သုံးနှစ်တာကာလအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) တပ်ဖွဲ့ဝင် ၄၈ ယောက် သေဆုံးခဲ့တယ်လို့ ဧပြီ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2024-04-13
မြန်မာစစ်တပ်ရဲ့တိုက်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်လာတာကို ခွင့်မပြုဖို့နဲ့ ထိုင်း-မြန်မာနယ်စပ်ကို ကာကွယ်စောင့်ရှောက်ဖို့ ထိုင်းဝန်ကြီးချုပ်က အမိန့်ပေးထားတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
2024-04-13
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာသာရေးဆိုင်ရာလုပ်ငန်းတွေလုပ်ဖို့ ဘာသာပေါင်းစုံအဖွဲ့ ခေါင်းဆောင်တွေကို ဧပြီ ၁၂ ရက်နေ့က မြေနေရာတွေ ပေးအပ်ခဲ့ပါတယ်။
2024-04-13
အာဏာသိမ်းစစ်ကောင်စီဟာ မြဝတီမြို့အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်း ခြောက်ခုကို လက်လွှတ်လိုက်ရပြီးနောက် နယ်စပ်ကုန်သွယ်ရေးတန်ဖိုးစုစုပေါင်းရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းနီးပါး ဆုံးရှုံးသွားတယ်လို့ ISP-Myanmar က ထုတ်ပြန်လိုက်ပါတယ်။