သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-10
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေး အတွက် လော်ခီးလာညီလာခံ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်ကြဖို့ AA ရက္ခိုင့်တပ်မတော်၊ မြန်မာ အမျိုးသား MNDAA ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)နဲ့ PSLF/TNLA ပလောင် (တအာင်း)ပြည်နယ်လွတ်မြောက်ရေးတပ်ဦးတို့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2015-09-10
နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ရုံးချုပ်မှာ တပ်မတော်အငြိမ်းစား အရာရှိ ၂ဝ နီးပါးကို ဒုတိယညွှန်ကြားရေး မှူးချုပ် ရာထူးတွေ ခန့်အပ်လိုက်တာကို မကျေနပ်တာကြောင့် ပျဉ်းမနားမြို့နယ်တရားရုံးမှာ ရှေ့နေ ၂၀လောက်က ဖဲကြိုး အဝါတွေ တပ်ဆင်ပြီး ဒီနေ့ ကန့်ကွက်ခဲ့ကြပါတယ်။
2015-09-10
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲ မှာ ပြည်သူတွေပေးရမယ့် ဆန္ဒမဲဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာပေးခဲ့တဲ့ မဲထက်ပိုပြီး တန်ဖိုးရှိတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
2015-09-10
မနေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက် ပိုင်းမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း ဦးကြီးမြင့်နဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးက မဲဆွယ်စည်းရုံးခဲ့ ပါတယ်။
2015-09-10
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာညိုညိုသင်းဟာ မနေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းကို ဖွင့်လှစ်လိုက်ပါတယ်။
2015-09-10
ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နဲ့ မိုင် ၂ဝ လောက်ဝေးတဲ့ ငေါ့ငါးနဲ့ ဂျရမ်းကျေးရွာတွေနားမှာ စက်တင်ဘာ လ ၇ ရက်နေ့ကစပြီး ဒီနေ့အထိ အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။
2015-09-10
တိုင်းရင်းသားခေါင်းဆောင်တွေဘက်က တစ်နိုင်ငံ လုံးအတိုင်းအတာအရ အပစ်ခတ်ရပ်စဲရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေး ကို တောင်းဆိုခဲ့ပေမယ့် နိုင်ငံတော်သမ္မတက သူတို့ ကမ်းလှမ်းထားတဲ့ ၁၅ ဖွဲ့နဲ့သာ လက်မှတ်ရေးထိုးဖို့ အတွက် ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။
2015-09-10
တပ်မတော်က အငြိမ်းစားယူထားသူ အရာရှိ ၂၀ လောက်ကို ပြည်ထောင်စုတရားလွှတ်တော် ရုံးချုပ်မှာ လွှဲပြောင်း ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
2015-09-10
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာညိုညိုသင်းဟာ ရန်ကုန်မြို့ဗဟန်းမြို့နယ်မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်းကို မနေ့က ဖွင့်လှစ်လိုက်ပါတယ်။
2015-09-10
အခုဆက်ပြီး သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးရဲထွဋ်နဲ့ တွေ့ဆုံ မေးမြန်းချက်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။
2015-09-10
လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD လွတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပါတီဗဟိုက ရှမ်းတောင်ပိုင်း ပင်လုံမြို့မှာ မဲဆွယ်စည်းရုံးရေး သင်တန်းပေးနေပါတယ်။ RFA သတင်းထောက် မရွှေရည်မဉ္ဇူ ကတင်ပြထားပါတယ်။
2015-09-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတွေဟာ စက်တင်ဘာလ ၉ ရက်နေ့က မဲဆွယ်စည်းရုံးတာကို စတင်လုပ်ဆောင်နေကြပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။
2015-09-09
မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှု၊ အခွန်ရှောင်မှု စတာတွေနဲ့ ဆက်နွယ်ပတ်သက်နေ ပြီး၊ နိုင်ငံ့ံဘဏ္ဍာထဲကို မရောက်ရှိခဲ့ပဲ ဆုံးရှုံးခဲ့ရ တဲ့ ငွေမည်းတန်ဖိုးဟာ ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်း အမေရိကန်ဒေါ်လာ ၂ဝ ဘီလျံ နီးပါးရှိခဲ့တယ်လို့ သုတေသနအစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။
2015-09-09
မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင် ကြိုးပမ်းခဲ့တဲ့ ဆရာတော် အရှင်ဦးဥတ္တမရဲ့ ၇၆ နှစ်မြောက် ဝမ်းနည်းခြင်း အောက်မေ့ဖွယ် အခမ်းအနား ကို ရခိုင်ပြည်နယ် စစ်တွေမြို့က ဦးဥတ္တမပန်းခြံမှာ ဒီနေ့ ကျင်းပကြပါတယ်။
2015-09-09
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အသီးသီးက ပယ်ချထားတဲ့ ကိုယ်စားလှယ်လောင်း ၃၄ ဦးရှိပြီး အဲဒီထဲက ၁၂ ဦးကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ဆက်လက်ပယ်ချလိုက်ပါတယ်။