သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-09
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ တတိယနေ့ ကောင်စီ အစည်းအဝေး ကနေပြီး ပြောင်းလဲလာတဲ့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေး ဖို့အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး UNFC အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ချက်ကို လည်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
2015-12-09
သတင်းမီဒီယာသမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဆွေးနွေးကြတဲ့ "ဒစ်ဂျစ်တယ်ဘဝတွေထဲက ဒစ်ဂျစ်တယ် အန္တရာယ်များ" ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၇ ရက် မနေ့က ရန်ကုန်မြို့ ParkRoyal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2015-12-09
ကရင်နီပြည်နယ် မြို့နယ်အဆင့် ပဏာမညီလာခံကို ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP က ဦးဆောင်ပြီး လွိုင်ကော်မြို့မှာ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
2015-12-09
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-12-08
ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်တန့်ပေးဖို့ ရှမ်းလူငယ်အဖွဲ့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ှမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-12-08
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး- NCA သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ သဘောတူညီချက်ရယူရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။
2015-12-08
သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေ ထဲက နောက်ထပ် ၄ ဦးဟာ ကျန်းမာရေးဆိုးရွားလာ လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို မနေ့ကခေါ်လာပြီး ကုသနေရပါတယ်။
2015-12-08
အမေရိကန်တပ်မတော်ရဲ့ ပစိဖိတ်ဒေသစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Vincent Brooks က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ NLD က ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့အတွက် မိမိတို့အနေနဲ့ မြန်မာ့တပ်မတော်နဲ့ ပိုမိုချစ်ကြည်ရင်းနှီးစွာဆက်ဆံဖို့ စိတ်အားထက် သန်နေကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2015-12-08
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံ သူတွေထဲက စာမေးပွဲဖြေဆိုမယ့် ကျောင်း သား ၁ ဦး နဲ့ ဆေးရုံ တက် ရောက်နေသူ ၁ ဦးကို သာယာ ဝတီမြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပြီး ကျန်းမာရေးမကောင်းတဲ့ ဗကသကျောင်းသား ကိုမင်းသွေး သစ် အပါအဝင် ၄ ဦးကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး မှာ ဆေးကုသဖို့ ခွင့်ပြုလိုက်ပါတယ်။
2015-12-08
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ ရေးထိုးထားတဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် ကို ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူ မရှိတဲ့အတွက် ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2015-12-08
မြန်မာနိုင်ငံရဲ့တရားစီရင်ရေးစနစ်မှာ အဂတိလိုက်စားမှုတွေရှိနေပြီးတရားသူ ကြီးတွေဟာ တရားသူကြီးချုပ်တွေရဲ့ လွှမ်းမိုးမှုကို ခံနေရ ဆဲဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ တင်သွင်းတဲ့ တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ အသနားခံ စာများ စိစစ်ဆောင်ရွက်ရေးကော်မတီရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
2015-12-08
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ကို ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ သတင်း မီဒီ ယာကောင်စီ ဖွဲ့ဝင် ၂၄ ဦးဟာ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ မှာ နိုင်ငံတော်သမ္မတရုံးမှာ ကျမ်းသစ္စာကျိန်ဆိုရ မှာ ဖြစ်ပါတယ်။
2015-12-08
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေး ဆိုင်ရာ ပစ်မှတ်ထားပိတ်ဆို့ ကန့်သတ်မှုတွေကို ၆ လ ယာယီဆိုင်းငံ့မယ်လို့ အမေရိကန်အစိုးရက မနေ့က ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် မြန်မာ အစိုးရက ဝမ်းသာကြိုဆိုကြောင်း သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြော ပါတယ်။
2015-12-08
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို လာရောက်လေ့လာကြတဲ့ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေး ပါတီ Viet Tan ခေါင်းဆောင်တွေ အပါအဝင် အဖွဲ့ဝင် ၁၄ ဦးဟာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာ အဖွဲ့အပြင် လူ့အခွင့်အရေး အဖွဲ့အစည်းတချို့ က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-12-08
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မချမ်းဘော မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင် ပြီး အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးရားဝမ်ဂျုံး ဟာ မဲဆွယ်စည်းရုံးရေးကာလ အတွင်း ငွေကြေးနဲ့ မဲဆွယ်မှုတွေရှိခဲ့တယ်ဆိုပြီး အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ငွေကျပ် ၅ သိန်းတင်ပြီး ကန့်ကွက်ထားပါတယ်။