NCA စာချုပ် ပြည်ထောင်စု လွှတ်တော် အတည်ပြု
2015.12.08

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ ရေးထိုးထားတဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ကို ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူ မရှိတဲ့အတွက် ဒီနေ့ အတည်ပြုလိုက်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာနိုင်ရေးအတွက် လမ်းဖွင့် ထားကြောင်း ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"ကျနော်တို့ငြိမ်းချမ်းရေးစကားစတင်ပြောခဲ့စဉ်က ၁၆ ဖွဲ့နှင့်သာပြောဆို ခဲ့ခြင်းဖြစ် ပါတယ်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းဘက်က အဖွဲ့ ၂၁ ဖွဲ့ တင်ပြ ပြီး နောက်ထပ်အဖွဲ့ ၅ ဖွဲ့ထပ်တိုးလာပါတယ်၊ ကျနော်တို့အစိုးရထံ သို့လည်း တခြား အဖွဲ့ပေါင်းစုံက ငြိမ်းချမ်းရေးစကားပြောလိုကြောင်း၊ NCA စာချုပ်ကို လက်မှတ်ရေးထိုး လာကြောင်း တင်ပြထားတာရှိပါတယ်၊ ကျနော်တို့အနေဖြင့် ၁၆ ဖွဲ့ဖြင့် ပထမတစ်ကြိမ် ဆောင်ရွက်ပြီး အခြေခံကောင်းများရရှိလာ ပါက ကျန်ရှိသည့်အဖွဲ့များနှင့် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားပါတယ်၊ ကျန်အဖွဲ့များအတွက် လည်း လမ်းကြောင်းဖွင့်လှစ်ထားကြောင်း တင်ပြအပ်ပါတယ်"
ဒါ့အပြင် ၃ ရက်ကြာကျင်းပခဲ့တဲ့ ပန်ဆန်းညီလာခံမှာ လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ က လာမယ့် အစိုးရအသစ် နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ဆန္ဒရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားတဲ့အတွက် အစိုးရသစ်အနေနဲ့ အခုထက်ပိုပြီး အောင်မြင်အောင် ဆောင်ရွက်နိုင် မယ်လို့ ယူဆကြောင်း ဦးအောင်မင်းက ပြောပါ တယ်။
NCA စာချုပ်ကို နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်ထံ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ပေးပို့ခဲ့ တာဖြစ်ပါတယ်။
အဲဒီစာချုပ်အပေါ် မနေ့က လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး ဒီနေ့ ၂ဦး စုစုပေါင်း ၁၄ ဦး ဆွေးနွေးပြီးနောက် ပြင်ဆင် တာမရှိဘဲ အတည်ပြုလိုက်တာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ အစိုးရဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို ပြီးခဲ့တဲ့ အောက်တို ဘာလ ၁၅ ရက်က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။