သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-09
ရခိုင်ပြည်နယ်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အတွင်း တည်ဆောက်ခွင့်ရတဲ့ စာသင်ကျောင်း ၂၀၀ ထဲက မလိုအပ်လို့ဆိုပြီး ဆောက်လုပ်ခွင့် ရုပ်သိမ်းလိုက်တဲ့ ၃၅ ကျောင်း အတွက် တန်ဖိုးငွေကျပ် သန်း ၂၇၀၀ ကို ပြည်ထောင်စု အစိုးရထံ ပြန်လည်အပ်နှံမှာ ဖြစ်တယ် လို့ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်း က ဒီနေ့ ပြောပါတယ်။
2017-12-09
ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ မကြာခဏ မိုင်းတွေတွေ့ရှိနေတာနဲ့ မိုင်းပေါက်ကွဲမှုတွေ ဖြစ်နေ တာတွေဟာ ရက္ခိုင့်တပ်မတော် AA ရဲ့ လက်ချက်မဟုတ်ဘူးလို့ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ဒီနေ့ ငြင်းဆိုပါတယ်။
2017-12-09
စင်ကာပူနိုင်ငံမှာ အိမ်ရှင်က ရိုက်နှက်လို့ ပတ်ဝန်းကျင်ကို အကူအညီတောင်းတဲ့ မြန်မာအိမ်အကူ အမျိုးသမီးရဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမှာ ပျံ့နှံ့သွားပြီး အိမ်ရှင်ကို စင်ကာပူနိုင်ငံ အလုပ်သမားအင်အား ဝန်ကြီးဌာနထံ စာပို့တိုင်ကြားသွားမယ်လို့ စင်ကာပူအခြေစိုက် ရွှေ့ပြောင်းနေထိုင်မှု စီးပွားရေးဆိုင်ရာ လူသားချင်းစာနာထောက် ထားရေးအဖွဲ့ (HOME ) အဖွဲ့ဝင် ဒေါ်အေးမာမာက ဒီနေ့ ပြောပါတယ်။
2017-12-09
ပြည်ပပညာရှင် ၅ ဦးပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ကို နိုင်ငံတော်သမ္မတက မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2017-12-09
အောင်မြင်ပြီးသား လုပ်ငန်းရှင်တွေအနေနဲ့ လူငယ်လုပ်ငန်းရှင်အသစ်တွေကို ကူညီလမ်းညွှန်နိုင်ဖို့ ကွန်ရက်တစ်ခု ဖွဲ့စည်းသင့်ကြောင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ အကြံပြုပြောကြားလိုက် ပါတယ်။
2017-12-08
နှစ်ပတ်နီးပါးကြာ သပိတ်စခန်းဖွင့်ပြီး လုပ်ငန်းခွင်ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့၊ အလုပ်အသွားအပြန်အတွက် ကြိုပို့ယာဉ် မလုံလောက်တာကို လုံလောက်အောင် စီစဉ်ပေးဖို့နဲ့ လုပ်သက်နှစ်ကြေးပေးဖို့ အပါအဝင် အချက် ၉ ချက်ကို တောင်းဆိုခဲ့တဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ မှာရှိတဲ့ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော်နဲ့ အလုပ်ရှင်တို့ ညှိနှိုင်းပြီး ပြေလည်မှုရသွားပြီဖြစ်ပါတယ်။
2017-12-08
ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း ပြောကြားခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ နေပြည်တော်က ကော်မရှင်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
2017-12-08
ပညာရေးကဏ္ဍမှာ ရေရှည်ရင်းနှီးမြုပ်နှံပြီးရင် လက်ရှိရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်နိုင်မယ် လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2017-12-08
၂၀၁၇ ခုနှစ်အတွင်း အဓမ္မပြုကျင့်မှုတွေ ဖြစ်ခဲ့တာ ဟာ ၂၀၁၆ ခုနှစ်ထက် ပိုများလာပြီး နိုင်ငံနဲ့အဝှမ်း အဖြစ်အများဆုံး ရာဇဝတ်မှုကြီး ၁၀ မျိုးထဲမှာ ထိပ်ဆုံးကရှိနေပါတယ်။
2017-12-08
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ယောချောင်းနားမှာ တပ်မတော်ယာဉ်တန်း ဖြတ်သန်းလာတုန်း ဆွဲမိုင်းပေါက်ကွဲခဲ့တဲ့အတွက် တပ်မတော်သား (၄) ဦး ဒဏ်ရာရသွားတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။ ဦးမင်းအောင်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-12-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ အဆင့်မြင့်တာဝန် ယူထားသူတချို့ အပါအဝင် ပါတီဝင်အတော်များများကို တိုင်ကြားမှုတွေရှိနေတာနဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီရဲ့ အတွင်းရေးမှူး စာရေးဆရာ မုံရွာအောင်ရှင် ခေါ် ဦးအေးကြူ ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2017-12-08
ရက်သတ္တပတ် နှစ်ပတ်နီးပါးကြာအောင် ဆန္ဒပြခဲ့တဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ မှာရှိတဲ့ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော်လောက်ဟာ သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး မနေ့က အလုပ်ရှင်နဲ့ ညှိနှိုင်းပြေလည်သွားပြီဖြစ်ပါတယ်။
2017-12-08
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဘက်လိုက်နေတယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် နဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ဒီကနေ့ နေပြည်တော်က ကော်မရှင်ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။
2017-12-08
ရန်ကုန်မြို့ မြို့နယ် ၆ ခုက နေရာ ၉ ခုမှာပြုလုပ်ခဲ့တဲ့ လေထုညစ်ညမ်းမှု အခြေအနေ တိုင်းတာချက်အရ အဲဒီနေရာ ၉ ခုလုံးက လေထုညစ်ညမ်းမှုတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ စံသတ်မှတ်ချက်တွေထက် ကျော်လွန်နေတယ် စိမ်းလန်းအမိမြေအသင်းရဲ့ သုတေသနစာတမ်းအရ သိရပါတယ်။
2017-12-08
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ကျန်းမာရေး အခြေအနေ မကောင်းဘူးလို့ သတင်းတွေ ထွက်နေပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။