သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-09
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ ဒရုန်းနဲ့ လက်နက်တွေ တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ခြောက်ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-02-09
ဆင်းရဲနွမ်းပါးတဲ့ မိသားစုထဲက ကလေးတွေနဲ့ မိဘမဲ့ကလေးငယ်တွေဟာ ပညာရေးအတွက် ဘကကျောင်း လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ သင်ပေးတဲ့ပညာရေးကို အားကိုးကြရတာများပါတယ်။
2024-02-09
ရခိုင်ပြည်နယ် မြောက်ဦးမြို့ အမှတ် (၃၁) ရဲတပ်ရင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့က AA က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
2024-02-08
လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေဟာ အစာရေစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မလုံလောက်တာကြောင့် ကျန်းမာရေးထိခိုက်မှုတွေနဲ့ ကြုံနေရတယ်လို့ KPPA က ထုတ်ပြန်ပါတယ်။
2024-02-08
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အနီးက ထီတမောင်းဘုန်းကြီးကျောင်းတစ်ကျောင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ လက်နက်ကြီးထိမှန်ပြီး ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။
2024-02-08
နယ်စပ်ဒေသတွေကနေ တရားမဝင် လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသားအများစု အပါအဝင် နိုင်ငံခြားသား ငါးသောင်းကျော်ကို သက်ဆိုင်ရာနိုင်ငံတွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
2024-02-08
ရခိုင်ပြည်နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောသုံးစင်းကို ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်နစ်မြုပ်သွားတယ်လို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ညမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
2024-02-08
မြောက်ခင်ရန်းရွာမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတာ အမှုမှန်ပေါ်ပေါက်ဖို့ နိုင်ငံတကာကို တောင်းဆိုသလို၊ တော်လှန်ရေးအောင်နိုင်ရေး မလျှော့တမ်းတိုက်ပွဲဝင်ကြဖို့လည်း ကိုဖိုးတေရဲ့ဖခင် ဦးမြင့်ဇော်က တိုက်တွန်းပါတယ်။
2024-02-08
ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားငါးဆယ်ကျော် သေဆုံးခဲ့ပြီး လူသောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။
2024-02-08
စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီက လေကြောင်းအပါအဝင် အင်အားသုံး ထိုးစစ်ဆင်နေပြီး ဖေဖော်ဝါရီ ၈ ရက်နေ့က ကောလင်းမြို့ထဲအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာကြောင်း ကောလင်းတော်လှန်ရေးအဖွဲ့ (KR) က သတင်းထုတ်ပြန်ပါတယ်။
2024-02-08
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို လုံလုံခြုံခြုံနဲ့ မြန်မြန်ဆန်ဆန် ပြန်ပို့ဆောင်ရေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဦးစားပေးအစီအစဉ်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက်က ပြောကြားပါတယ်။
2024-02-08
အာဏာသိမ်းစစ်ကောင်စီလက်အောက်က ပြည်သူတွေရဲ့ဘဝတွေဟာ အလွန်ခက်ခဲကြမ်းတမ်းနေပြီး ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းဖို့ အရေးကြီးတယ်လို့ NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ပြောပါတယ်။
2024-02-08
စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်သူ တစ်သန်းကျော်သာရှိခဲ့ရာကနေ လက်ရှိမှာ ၁၈ သန်းအထိ တိုးလာပါတယ်။
2024-02-08
တမူးမြို့နယ် ကနန်ကျေးရွာမှာ ကလေးငယ်ကိုးဦး အပါအဝင် အရပ်သား ၁၇ ဦးသေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းဖို့လိုအပ်တယ်လို့ (Amnesty International) က ဒီနေ့ထုတ်ပြန်ပါတယ်။
2024-02-08
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က စစ်ကောင်စီရဲ့ အမှတ် ၇၃ ခြေလျင်တပ်ရင်းကို KNLA နဲ့ ပြည်သူ့ကာကွယ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ၃၅၀၀ ခန့် ထွက်ပြေးနေရပါတယ်။