သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-06-08
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်ရွာမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ရွာသားတစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-06-08
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ မြန်မာပြည်ပြန်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာက သူတို့ကို အမြန်ဆုံး ပြန်ပို့ပေးဖို့ ဇွန် ၈ ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2023-06-08
အနာဂတ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကျူးလွန်ခံရမယ့် အန္တရာယ်ရှိတဲ့အတွက် ရိုဟင်ဂျာတွေပြန်ပို့မယ့် ရှေ့ပြေးစီမံချက်ကို ချက်ချင်းဆိုင်းငံ့ထားဖို့ ကုလအထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။
2023-06-08
ရခိုင်ပြည်နယ်မှာ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေရဲ့ ကူညီထောက်ပံ့ရေး သွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။
2023-06-08
တရုတ်နယ်စပ်ကနေ သွင်းကုန်လိုင်စင် လျှောက်ထားသူတွေ ပို့ကုန်ရငွေနဲ့ ပြည်တွင်းဘဏ်တွေကနေ ဝယ်ယူရရှိထားတဲ့ ယွမ်လက်ကျန်ငွေရှိကြောင်း စာရင်းတင်ပြရမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
2023-06-08
ခလယ်လွီထူခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ စခန်း ငါးခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
2023-06-08
ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ချိန် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အရပ်သား ၁၇ ဦးအနက် ရှစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ပါတယ်။
2023-06-08
ရှေ့နေတွေကို စစ်တပ်အာဏာပိုင်တွေက အနှောင့်အယှက် ပေးတာတွေရှိနေသလို ထောင်ချတာတွေပါ ရှိနေတယ်လို့ HRW က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
2023-06-08
ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းအထက်ပိုင်းကရွာတွေမှာ မိုခါမုန်တိုင်းကြောင့် အိမ်တွေအပြင် တောတောင်တွေ၊ ဥယျာဉ်စိုက်ခင်းတွေ ပျက်စီးသွားပါတယ်။
2023-06-08
MNDAA၊ AA၊ TNLA နဲ့ စစ်ကောင်စီတို့အကြား ငြိမ်းချမ်းရေးအကြို တွေ့ဆုံဆွေးနွေးပွဲဟာ ဘာရလဒ်မှ မထွက်ဘဲ တစ်ဝက်တစ်ပျက်နဲ့ ပြီးဆုံးသွားပါတယ်။
2023-06-08
ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခွန်ငွေရရှိမှာကို စိုးရိမ်ပြီး စစ်ကောင်စီက မန္တလေးနဲ့ မကွေးတိုင်းက ရေနံမှော်တွေကို ဆက်တိုက်ပိတ်သိမ်းနေတာကြောင့် လူသုံးသိန်းနီးပါး အခက်အခဲ ဖြစ်နေပါတယ်။
2023-06-08
မုံရွာခရိုင်၊ ရေကန်စုရွာကို စစ်ကောင်စီတပ်က ဇွန်လ ၇ ရက် မနေ့မနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး စုစုပေါင်း ခြောက်ဦးကို သတ်ဖြတ်သွားပါတယ်။
2023-06-08
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က တည်းခိုခန်းတစ်ခုမှာ တည်းနေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိနှစ်ယောက်ကို ဇွန်လ ၅ ရက်နေ့ ည ၁၁ ကျော်ချိန်မှာ စစ်ကောင်စီက ဖမ်းဆီးပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-06-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့အပေါ် ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ အဂတိအမှု ခြောက်မှုရဲ့ အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်
2023-06-07
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အတွက် အာဂျင်တီးနားနိုင်ငံတရားရုံးမှာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့အမှုကို ဇွန်လ ၆ ရက်နေ့က စတင်ကြားနာခဲ့ပါတယ်။