သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-08
ဂွမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့ စစ်ကောင်စီတပ်ဘက် ဒီရက်ပိုင်းထဲ အသိပေးထားပါတယ်။
2024-12-08
အုတ်ဖိုမြို့နယ် ချောင်းဂွ(ဂျီ)ရွာက ဒေသခံ အမျိုးသား လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ပါတယ်။
2024-12-08
မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ရွာသစ်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲစီးနင်းပြီး မီးရှို့တာကြောင့် နေအိမ် ငါးဆယ်ကျော် မီးလောင်ပျက်စီးသွာပါတယ်။
2024-12-07
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက် လုပ်ပေးမဲ့သူကို ရှာနိုင်ဖို့ လိုတယ်လို့ မစ္စတာ စကော့ မာစီရယ်က ပြောလိုက်ပါတယ်။
2024-12-07
CRPH က ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်အမတ်တွေနဲ့ ပါတီခေါင်းဆောင်တွေကို ဂုဏ်ပြုကြောင်း စာပေးပို့ခဲ့ပါတယ်။
2024-12-07
ဖမ်းခေါ်သွားသူတွေထဲက စိတ်ကျန်းမာရေးမကောင်းသူတစ်ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပေမဲ့ ကျန်တဲ့သူတွေကို ဆက်လက်ထိန်းသိမ်းထားဆဲပဲလို့ ဆိုပါတယ်။
2024-12-07
အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ တာဝန်ရှိသူတွေက ဒုက္ခသည်စောင့်ရှောက်ရေး အစီအစဉ်တွေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အခြေအနေကို မီနာကို တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
2024-12-07
မန္တလေးတိုင်းမှာ စစ်ကောင်စီတပ်က အခုရက်ပိုင်းထဲ အရင်ကထက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အထိအခိုက် အသေအဆုံးရှိလာပြီး မြင်းခြံနဲ့ ငါန်းဇွန်မြို့နယ်တွေမှာ အရပ်သားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ ခုနစ်ဦးသေဆုံးတဲ့အပြင် နေအိမ် နှစ်ရာခန့် မီးရှို့ခံရပါတယ်။
2024-12-07
မြန်မာနိုင်ငံအကြောင်း ဆယ်စုနှစ်ပေါင်းများစွာ သုတေသနလုပ် လေ့လာပြီး သတင်းဆောင်းပါးများစွာနဲ့ စာအုပ်ရေးသားခဲ့တဲ့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပြည်ထောင်စု ဂျော့တောင်း တက္ကသိုလ် ပါမောက္ခကြီး ဒေးဗစ် စတိန်းဘတ် ဒီဇင်ဘာလ ၅ ရက်နေ့ကကွယ်လွန်သွားတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
2024-12-07
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ကနေ ဝါးဖောင်တစ်စင်းနဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ထွက်လာပြီး အိန္ဒိယရေပိုင်နက်ထဲရောက်လာတဲ့ မြန်မာရေလုပ်သား လေးဦးကို အိန္ဒိယကမ်းရိုးတန်းစောင့်တပ်က ကယ်ဆယ်လိုက်တယ်လို့ The Hindu သတင်းက ဒီဇင်ဘာလ ၇ ရက်နေ့က ဖော်ပြပါတယ်။
2024-12-07
စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို မနေ့ညက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်တယ်လို့ ဒီတိုက်ခိုက်မှုလုပ်ခဲ့တဲ့ Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2024-12-07
မြန်မာကင်းလှည့်ရေယာဉ်တွေက နိုဝင်ဘာ ၃၀ ရက်နေ့က ဖမ်းဆီးသွားတဲ့ ထိုင်းသင်္ဘောသား လေးဦးကို လုပ်ထုံးလုပ်နည်းတွေ လုပ်ဖို့လိုအပ်တယ်လို့ ပြောကြားပြီး မြန်မာအာဏာပိုင်တွေက ပြန်မလွှတ်သေးဘူးလို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
2024-12-07
၂၀၂၄ ခုနှစ်၊ နို၀င်ဘာလ တစ်လအတွင်း ကယားပြည်နယ် (ကရင်နီပြည်)၊ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၁ ဦး သေဆုံးသွားတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ရာမညအင်စတီကျုသုတေသနဌာန (RICE) က ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-12-07
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ MPT တယ်လီဖုန်းလိုင်းကလွဲပြီး ကျန်တဲ့ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၇ ရက်နေ့က ပြောပါတယ်။
2024-12-07
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ငွေကျပ် ကိုးဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာတွေက ဒီဇင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ပါတယ်။