သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-02
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင် တို့ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရဲစခန်းက ၆၆(ဃ)နဲ့ ဖမ်းဆီးလိုက်ပါတယ်။
2017-06-02
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိ ဦးတင်ထွန်း ကို မြေ ဂရန်ပြန်ရဖို့အတွက် ငွေပေးရတယ်ဆိုပြီး ဦးမိုက်ကယ်ကျော်မြင့် ဆိုသူက ဒီကနေ့ သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။
2017-06-02
စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ညက မိုးကြီးခဲ့ တာကြောင့် ကျေးရွာတွေနဲ့ ဆက်သွယ်ထား တဲ့ တံတားကြီး ၈ စင်း ပျက်စီးသွားခဲ့တဲ့ အတွက် လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေး အခက်အ ခဲ ဖြစ်နေပါတယ်။
2017-06-02
မင်္ဂလာတောင်ညွန်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ဆူပူအောင်သွေး ထိုးလှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ဂ)/၃၄ နဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားရေးလှုပ်ရှားသူ ၅ ဦးထဲက ၃ ဦး အာမခံတင်ရာမှာ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။
2017-06-02
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ရှိတဲ့ မြတန်ဆောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ပိတ်သိမ်းဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က အကြောင်းကြားစာပေးပို့ထားပါတယ်။
2017-06-01
အစိုးရက ထုတ်ပြန်ထားတဲ့ ကြိုတင်ဝင်ငွေခွန် ၂% မှာ တောင်သူလယ်သမား တစ်ဦးချင်းဆီကနေ မကောက်ခံဖို့ ညွှန်ကြားထားတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြောပါတယ်။
2017-06-01
၆ ရက်ကြာ ကျင်းပပြီးစီးသွားတဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံမှာအကြိတ်အနယ် ဆွေးနွေးငြင်းခုံခဲ့ရတဲ့ အကြောင်းအရာကတော့ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရေးမှုနဲ့ ပတ်သက်နေပါတယ်။
2017-06-01
"နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ" ဆိုတဲ့ အချက်ကို လက်မခံနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်တာဟာ ခွဲထွက်ချင်တာ မဟုတ်ဘူးလို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြု လုပ်ပြီး ပြောလိုက်ပါတယ်။
2017-06-01
ရခိုင်ပြည်နယ် စစ်တွေခရိုင်အတွင်းမှာ မိုရာဆိုက်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့တာတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ စစ်တွေမြို့မှာ ဇွန်လ (၁) ရက်နေ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-06-01
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ အမျိုးသားရေး လှုပ်ရှားသူဆိုသူ ၄ ဦးကို ကမာရွတ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
2017-06-01
ရန်ကုန်မြို့တော်စည်ပင်က ပိတ် သိမ်းခိုင်းထားတဲ့ မင်္ဂလာဈေးဝန်း အတွင်း ဖျော်ဖြေရေးလုပ်ငန်းတွေထဲက NASA နဲ့ LUCKY ဖျော်ဖြေရေးဆိုင်က မန်နေဂျာနှစ်ဦး ကို မေလ ၂၇ ရက်နေ့ညက ပုဒ်မ ၆(၁) နဲ့ မင်္ဂလာတောင် ညွှန့် ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။
2017-06-01
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်းခေါင် ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်း က ကချင်အမျိုးသား သုံးဦး အသတ်ခံရတဲ့ကိစ္စကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက အဖြစ်မှန်ပေါ်အောင် စုံစမ်းစစ်ဆေးနေတယ် လို့ မန်စီမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
2017-06-01
ကချင်ပြည်နယ် ဆော့်လော်မြို့နယ်က ကျေး ရွာအုပ်စု ၃ ခုမှာ မြေဧက ၇ဝဝ ကို စိုက် ပျိုးမြေအဖြစ် ဖော်ဆောင်ပေးဖို့ ဆော့လော်မြို့နယ်ရဲ့ ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ဒီနေ့ကျင်းပ တဲ့ ကချင်ပြည်နယ် လွှတ်တော် မှာ မေးခွန်း မေးမြန်းခဲ့ ပါတယ်။
2017-06-01
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားရေး လှုပ်ရှားသူ ၄ ဦးကို လွှတ်ပေးဖို့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးမှာ သံဃာတော်တချို့နဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၅ဝ လောက်က အဲဒီ ၄ ယောက်ကို ရုံးထုတ်စဉ် ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-06-01
လယ်ယာထွက်ကုန်ပစ္စည်းတွေကို ရောင်း ချရာမှာ ငွေကျပ် ၅ သိန်း ထက်ကျော်လွန် ရင် ကြိုတင်ဝင်ငွေခွန်အဖြစ် ၂ ရာ ခိုင်နှုန်း ပေးဆောင် ရမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေ တာ မဟုတ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် တွင်းအခွန်များ ဦးစီးဌာနက ပြောပါတယ်။