သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-02
ထိုင်းငါးဖမ်းလှေမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေ တွေ့ရတာကြောင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
2024-12-02
မြန်မာနိုင်ငံက ဒုက္ခသည်တွေကိုကူညီဖို့ ကုသလမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ UNICEF၊ UNHCR နဲ့ WFP တို့ကို ထိုင်းအစိုးရက တစ်ဖွဲ့အတွက် ဘတ် တစ်သန်းနှုန်းနဲ့ စုစုပေါင်း ဘတ်သုံးသန်း လှူဒါန်းလိုက်ပါတယ်။
2024-12-02
TNLA ထိန်းချုပ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ခုနစ်ဆယ်ရှိပါတယ်။
2024-12-02
တရုတ်နဲ့ စစ်ကောင်စီ ပူးပေါင်းတည်ထောင်ဖို့ ပြင်ဆင်နေတဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီဟာ ပုံမှန် တရုတ် လုံခြုံရေးကုမ္ပဏီတွေနဲ့မတူဘဲ တမူကွဲပြားနိုင်ကြောင်း အမေရိကန်အခြေစိုက် The Eurasia က ဒီနေ့ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။
2024-12-02
နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာတာနဲ့အမျှ ဘာသာရေး အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေလည်ရှိလာနေပါတယ်။
2024-12-02
ဘန်ကောက်မြို့မှာ အခုလပြုလုပ်သွားဖို့ရှိနေတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲဟာ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အတွက် အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ လာအိုအစိုးရ အရာရှိတစ်ဦးကပြောကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
2024-12-02
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ တနင်္သာရီမြို့နယ်နဲ့ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တို့မှာ ဒီရက်ပိုင်း မြေမြှုပ်မိုင်းနင်းမိလို့ ကလေးနှစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြောပါတယ်။
2024-12-02
တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ လူသားချင်း စာနာမှုအကူအညီ လျော့နည်းလာတာတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်တစ်လျှောက်မှာ နေထိုင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2024-12-02
တောင်ကုတ်မြို့နဲ့ နှစ်မိုင်အကွာက ခရိုင်ရွာကို စစ်ကောင်စီတပ်က ဗုံးလေးလုံးကြဲချတာကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး လူနှစ်ဆယ်ခန့် ဒဏ်ရာရထားပါတယ်။
2024-12-02
အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦးဟာ ကျောက်ကပ်ရောဂါနဲ့ ထောင်ထဲမှာ သေဆုံးသွားပါတယ်။
2024-12-02
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ဘုန်ကြီးကျောင်း လေးကျောင်းနဲ့ ဓမ္မာရုံ တစ်ခု ထိခိုက်ပျက်စီးတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-12-02
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်ကလူငယ်အများစုဟာ နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေကို တိမ်းရှောင်ကြတဲ့အထဲမှာ ကယားပြည်နယ် (ကရင်နီ) ထဲက အသက် ၂၂ နှစ်အရွယ် ကယောလူမျိုး ကိုနိုနိုလည်း ပါဝင်ပါတယ်။
2024-12-02
မူဆယ်နဲ့ နမ့်ခမ်းမြို့တွေထံ စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့က အပြန်အလှန်ပိတ်ဆို့ထားပါတယ်။
2024-12-01
ထိုင်းနိုင်ငံအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကြမ်းဖက်တာကို လက်မခံနိုင်ဘူးလို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
2024-12-01
အဲဒီစခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။