သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-25
တနင်္ဂနွေနေ့ မနက် တရုတ်အစိုးရ ထုတ်ပြန်ချက်အရ ဝူဟန် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦးရှိပြီ ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကူးစက်ဖြစ်ပွားသူ ၁၉၇၅ ဦး ရှိသွားပါပြီ။
2020-01-25
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ ဒီနေ့မနက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2020-01-25
၂ဝ၂၀၊ ဇန်နဝါရီ ၂၅ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ “ICJ အမိန့်ချမှတ်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်
2020-01-24
၁၉၆၂ ခုနှစ်နောက်ပိုင်းက စပြီး မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေအတွက် ဝတ်ပြုဆုတောင်းရာ ဗလီဝတ်ကျောင်းတော်တွေကို တရားဝင်ချပေးတာတွေ မရှိတော့လို့ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းဖို့ အခက်အခဲတွေ ရှိလာခဲ့ပါတယ်။
2020-01-24
ကမ္ဘာတဝှမ်းမှာ ရင်ဆိုင်နေရတဲ့ ရာသီဥတုဖောက်ပြန်မှုဒဏ် ခံနေရတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ဧရာဝတီတိုင်းက ကိုင်းသောင်ကျွန်းဟာ ပင်လယ်ရေမျက်နှာပြင်နဲ့ တပြေးတည်း တည်ရှိနေတဲ့ကျွန်းပါ။
2020-01-24
ကိုရိုနာ ဗိုင်းရပ်စ် အဆုပ်ရောင်ရောဂါပိုးစဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေက သူတို့ကို မြန်မာပြည်ဘက်ခေါ်ဖို့ တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို တောင်းဆိုထားပါတယ်။
2020-01-24
ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ တည်ဆောက်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းဟာ နှစ်အတော် ကြာလာခဲ့ပေမဲ့ အခုချိန်ထိ မစနိုင်ဘဲဖြစ်နေပါတယ်။
2020-01-24
ရခိုင်ပြည်နယ်က မြို့နယ် ၄ ခုဟာ အစိုးရဲ့ အင်တာနက်ဖြတ်တောက်ထားတာကို ခံနေရတာ အခုဆိုရင် အချိန်ခြောက်လကျော် ကြာလာခဲ့ပါပြီ။
2020-01-24
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနဲ့ သဘောတူစာချုပ် စုစုပေါင်း ၃၃ ခုကို လက်မှတ်ထိုးခဲ့ပါတယ်။
2020-01-24
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့က စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကြောင့် သေဆုံးသူ ၂၆ ဦးအထိ ရှိနေပြီး ကူးစက်ခံရသူ ၈၃ဝ ကျော် ရှိလာနေပါပြီ။
2020-01-24
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ချမှတ်လိုက်တဲ့အမိန့်တွေဟာ မြန်မာအစိုးရအနေနဲ့ လိုက်နာဆောင်ရွက်နိုင်တဲ့ အခြေအနေတွေဖြစ်သလို ဒီကိစ္စတွေ ဆောင်ရွက်ပြီးတဲ့အခါ နိုင်ငံတကာအမြင်မှာ ပိုကောင်းလာနိုင်တာကြောင့် ဒီဆုံးဖြတ်ချက်ကို လူ့အခွင့်အရေး၊ တရားဥပဒေ၊ နိုင်ငံရေးနယ်ပယ်မှာ ကြိုဆိုသူတွေ ရှိနေကြပါတယ်။
2020-01-24
ရက္ခိုင့်တပ်တော် AA နဲ့ပတ်သက်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု၊ အကြမ်း ဖက်မှုတွေနဲ့ တရားရင်ဆိုင်နေရသူ ၁၄ ဦးကို မှားယွင်းဖမ်းဆီးမှုလို့ သုံးသပ်ပြီး စစ်တွေတရားရုံးက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2020-01-24
တပ်မတော်ကို ဝေဖန်ထောက်ပြသူတွေကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုတာဟာ နစ်နာအောင် တမင်လုပ်ဆောင်တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် အသံတိတ်အောင်လုပ်တာလို့ တရားစွဲဆိုခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဝေဖန်လိုက်ပါတယ်။
2020-01-24
ဂျပန်ရေတပ်ရဲ့ ပင်လယ်ရေအောက် ဆေးကုသရေးစင်တာနဲ့ အရေးပေါ်ရေငုပ်သင်္ဘော ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးနဲ့ တခြားအရာရှိ တွေဟာ ဂျပန်ရေတပ်မှာ သွားရောက်လေ့လာခဲ့ကြပါတယ်။
2020-01-24
တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ မရှိကြောင်းနဲ့ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ဆောင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။