သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-04
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ပါတီဝင် အဖြစ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ထုတ်ပယ် လိုက်တယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလ သာဖြစ်တယ်လို့ နေပြည်တော် ပါတီဌာနချုပ် တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ပြောလိုက်ပါတယ်။
2015-11-04
လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး မုဒုံမြို့နယ် ကနေ ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။ ဒီနေ့ မုဒုံမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ အပြိုင် မဲဆွယ်ခဲ့ကြပါတယ်။
2015-11-04
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် မကွေးမြို့မှာ အနုပညာရှင်တွေ ဖျော်ဖြေ စည်းရုံးခဲ့ကြပါတယ်။
2015-11-04
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးပါတီက ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးခင်ဇော်မြင့်ဟာ ကမန်လူမျိုး မဟုတ်တဲ့အတွက် ကိုယ်စားလှယ်လောင်းအဖြစ် ကနေ ရုပ်သိမ်းပေးဖို့ မောင်တောမြို့ခံတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-11-04
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးနဲ့ ကျေးသီးမြို့ နယ်တွေက ကျေးရွာတွေမှာ အစိုးရတပ်နဲ့SSPP /SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသ ခံ ၄ ထောင်လောက် ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့ပေါ်ရပ်ကွက်တွေက ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရပါတယ်။
2015-11-04
နိုဝင်ဘာ ၁ ရက်ကနေစပြီး ထုတ်ပေးနေတဲ့ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေမှာ လူတစ်ဦးတည်းက မဲဆန္ဒရှင်သက်သေခံလက်မှတ် နှစ်ခု ရရှိနေတာတွေ ရှိနေတဲ့အတွက် မဲမသမာမှုများ ဖြစ်ပေါ်မှာကို စိုးရိမ်မှုတွေ ရှိလာနေပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ သက်သေခံလက်မှတ်တွေ ပိုရနေတယ်ဆိုဟာ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
2015-11-04
ရှမ်းပြည်တောင်ပိုင်း- မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေက ကျေးရွာတွေမှာ အစိုးရတပ်နဲ့ SSPP/SSA တပ်တွေ တိုက်ပွဲ ဖြစ်ပွားနေ တာကြောင့် ဒေသခံ လေးထောင်လောက် ထွက်ပြေး တိမ်းရှောင်နေရပြီး၊ မြို့ပေါ်ရပ်ကွက်တွေက ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရပါတယ်။
2015-11-04
မကွေးတိုင်း ဂန့်ဂေါမြို့နဲ့ ကျေးရွာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေဟာ နောက်ဆုံးမဲဆွယ်ပွဲ အဖြစ် ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ အလှပြယာဉ်တွေ၊ အနုပညာရှင်တွေနဲ့ လှည့်လည်ခဲ့ကြပါတယ်။
2015-11-04
အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ဆန္ဒပြတဲ့အတွက် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူ စုစုပေါင်း ၅၄ ဦးကို ဒီနေ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် စစ်ဆေးခြင်းမရှိခဲ့ပါဘူး။
2015-11-04
မွန်ပြည်နယ် မုဒုံမြို့နယ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီနေ့ မုဒုံမြို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ အပြိုင်မဲဆွယ်ခဲ့ပါတယ်။
2015-11-04
လက်ရှိအစိုးရနဲ့ လာမယ့်ရွေးကောက်ပွဲပေါ်မှာ အများပြည်သူတွေရဲ့ အမြင်တွေ နဲ့ပတ်သက်ပြီး "စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း" က ရန်ကုန်နဲ့ မန္တလေးမြို့ကြီး ၂ မြို့မှာ စစ်တမ်း ကောက်ယူထားပါတယ်။
2015-11-04
နိုဝင်ဘာ ၁ရက်နေ့ကစတင်ပြီး ၀ ထိန်းချုပ်နယ်မြေ ပန်ဆန်းမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးကနေ အစိုးရတပ်ရဲ့ ထိုးစစ်တွေရပ်ဖို့၊ အထွေထွေ ရွေးကောက်ပွဲကို တရားမျှတစွာကျင်းပပေးဖို့ စတဲ့အချက်တွေ အပါ အဝင် အချက် ၇ ချက်ကို တောင်းဆိုလိုက်ပါတယ်။
2015-11-04
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဝန်ထမ်းတွေ ကြိုတင်မဲပေး နေကြသလို မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတွေ လည်း နိုဝင်ဘာလ ၈ ရက်၊ ရွေးကောက်ပွဲနေ့မှာ မဲပေးနိုင်ဖို့ သက်သေခံလက်မှတ်တွေ ထုတ်ယူနေကြပါတယ်။
2015-11-03
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းနယ်စပ် တပ်ခရိုင်အတွင်းက မဲဆောက်၊ ဖုတ်ဖရ၊ မယ် ရမတ်၊ သာဆောင်ရမ်း စီရင်စု တွေမှာရှိတဲ့ သောင်ရင်းမြစ်တလျှောက်က ယာယီ ကုန်သွယ်ရေးဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေကို နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ပိတ်ထားလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းကဖေါ်ပြပါတယ်။
2015-11-03
မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ နီးကပ်လာနေချိန်အတွင်း ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ပေါ်ပေါက်လာမယ့်အရေး စိုးရိမ်ကြောင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ်အဆင့် ခန့်အပ်ခံရတဲ့ ကက်သလစ် ခရစ်ယာန် ဘုန်းတောာ်ကြီး ချားလ်မောင်ဘို က ပြောပါတယ်။