ရွေးကောက်ပွဲကာလ ဘာသာရေး ပဋိပက္ခ စိုးရိမ်ကြောင်း မြန်မာ ခရစ်ယာန် ကာဒီနယ် ပြော


2015.11.03
charles-maung-bo-620.jpeg ကာဒီနယ် Charles Maung Bo ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ နီးကပ်လာနေချိန်အတွင်း ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ပေါ်ပေါက် လာမယ့်အရေး စိုးရိမ်ကြောင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ်အဆင့် ခန့်အပ်ခံရတဲ့ ကက်သလစ် ခရစ်ယာန် ဘုန်းတောာ်ကြီး ချားလ်မောင်ဘို က ပြောပါတယ်။

ချားလ်မောင်ဘိုဟာ ပုပ်ရဟန်းမင်းကို ရွေးချယ်တင်မြှောက်ခွင့်ရတဲ့ ကာဒီနယ်အဆင့် ဘုန်းတော်ကြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဗမာနဲ့ ဗုဒ္ဓဘာသာသာ ရှိရမယ်ဆိုတာမျိုး တဖက်စွန်းရောက်အစွဲဟာ လက်ခံနိုင်စရာမရှိကြောင်း၊ မိမိရဲ့ဇာတိကျေးရွာမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေ နှစ်ပေါင်းရာနဲ့ချီပြီး အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း၊ သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။