သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-22
ကလေးတွေအတွက် အချိုရည် ကြာရှည် သောက်သုံးတာဟာ ဘေးအန္တရာယ်ရှိကြောင်း မခက်မာက စုစည်းတင်ပြမှာပါ။
2017-11-22
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရက် တီလာဆန်က ရရှိခဲ့တဲ့ သက်သေ အထောက်အထားတွေကို အသေအချာ လေ့လာဆန်းစစ်ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးရှင်းလင်းမှုတွေ ဖြစ်ပွားခဲ့တာ ထင်ရှားတယ်လို့ ဒီကနေ့ နိုဝင်္ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-11-22
မြန်မာပြည်ကို သွားရောက်မယ့် ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ နိုဝင်္ဘာ ၂၈ နေ့ တွေ့ဆုံပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၃ဝ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ မယ်လို့ ဗာတီကန်နန်းတော်က ကြေညာပါတယ်။
2017-11-22
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ AA တို့အကြားတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး CNF သဘောတူထားသလို အစိုးရဘက်က ဆောင်ရွက်နိုင်သလားဆိုတာ စောင့်ကြည့်နေပြီး အစိုးရဘက်က မဆောင်ရွက်ခဲ့ရင် CNF က အဖြေရှာပြီး ဆက်လက်လုပ်ဆောင် သွားမယ်လို့ CNF ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာရွှေခါးက ဒီနေ့ ပြောပါတယ်။
2017-11-22
မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ကို ဦးဆောင်သူတွေ၊ ဝန်ထမ်းတွေနဲ့ စည်းကမ်းချိုးဖောက်တဲ့ ကုမ္ပဏီတွေကို သက်ဆိုင်ရာဥပဒေတွေနဲ့အညီ အရေးယူဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တချို့က ဒီနေ့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2017-11-22
ကျောက်မီးသွေးကို ကြိုက်နှစ်သက်လို့ မဟုတ်ဘဲ ကရင်ပြည်နယ် လျှပ်စစ်မီးရရှိပြီး ဒေသဖွံ့ဖြိုးဖို့အတွက် စေတနာနဲ့ ဆောင်ရွက်တာဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် က ဒီနေ့ ပြောကြားခဲ့ပါတယ်။
2017-11-22
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် နှစ်နိုင်ငံ သဘောတူညီချက်လက်မှတ်ရေးထိုးဖို့ နီးကပ်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့ ပြောကြားခဲ့ပါတယ်။
2017-11-22
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ထံ ပွင့်ပွင့်လင်းလင်းတင်ပြပေးဖို့ ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။
2017-11-22
အမှန်တကယ်စိုက်ပျိုးခြင်းမရှိဘဲ မြေလွတ် မြေလပ်တွေ ရယူထားတဲ့ ကုမ္ပဏီတွေရှိတဲ့အတွက် ပြန်လည်စိစစ်သွားမယ်လို့ ဗန်းမော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း က ဒီနေ့ ပြောပါတယ်။
2017-11-22
လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှုတွေနဲ့ပတ်သက်ပြီး အောက်ခြေမှာ ဖြစ်ပျက်နေ တာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေတာ အာပေါက်တော့မှာဖြစ်ပြီး ဝန်ကြီးဌာနတွေအနေနဲ့ မူဝါဒတွေ ပြောနေတာထက် တိတိကျကျဖြေဖို့ လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီနေ့ သတိပေးလိုက်ပါတယ်။
2017-11-22
ကရင်ပြည်နယ်မှာ အာရှလမ်းမကြီးဖောက်လုပ်ဖို့အတွက် လိုအပ်တဲ့ ကျောက်မိုင်းတွေကို လွန်းညတောင်ကနေ ထုတ်ယူဖို့ ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတွေပြုလုပ်နေ တာကို ဒေသခံတွေက ဒီနေ့ ကန့်ကွက်ကြောင်း လက်မှတ်တွေရေးထိုးခဲ့ကြပါတယ်။
2017-11-22
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ ပြင်ဆင် သတ်မှတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ၂ဝ၁၇ နိုဝင်ဘာလ ၂၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ သဘောထား ရယူရာမှာ.. သမ္မတရုံးဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ကန့်ကွက် လိုက်ပါတယ်။
2017-11-22
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုက ကျေးရွာပေါင်း ၁၅ ရွာက လူဦးရေ တစ်ထောင်ခန့်ဟာ မအူပင်မြို့နယ်အတွင်းမှာရှိတဲ့ Orchard ကုမ္ပဏီကို နိုဝင်ဘာလ (၂၁) ရက်နေ့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-11-22
ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးတွေကို နိုင်ငံတစ်ဝှမ်းက အသက် ၅ နှစ်ကနေ ၁၅ နှစ်အထိကလေးငယ်တွေကို နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ထိုးပေးနေရာ မနေ့ကအထိ ကလေးငယ် ၆ သန်းကျော်လောက်ကို ထိုးနှံပေးပြီး ဖြစ်ပါတယ်။
2017-11-22
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ပြင်ဆင်မှုအပေါ် ဝန်ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း က ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။