သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-23
NLD အစိုးရ နောက်ထပ် သက်တမ်းအတွင်း ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေတွေ အကောင်းဘက် အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်လိုက်ပါတယ်။
2020-11-23
မြန်မာပြည်မှာ ကိုဗစ် ၁၉ ကူးစက်မှု ဆက်လက်မြင့်မားနေပြီး လူထုအနေနဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ မလိုက်နာရင် ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။
2020-11-23
ကျောက်မဲမြို့နယ်အတွင်း နှစ်စဉ်လုပ်ကြံခံရလို့ သေဆုံးမှုတွေထဲမှာ ဦးထိုက်ဇော်ဖြစ်စဉ်ဟာ နောက်ဆုံး ဖြစ်စေချင်တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒေသအတွင်း လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကလည်း ဦးထိုက်ဇော်လုပ်ကြံခံရမှုကို ရှုတ်ချကြောင်းပြောဆိုထားကြပါတယ်။
2020-11-23
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်က ပေါက်စီမုန့်တိုက်မှာ အလုပ်လုပ်နေကြတဲ့ ကလေးတွေကို အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်နေကြောင်း စွပ်စွဲချက်ကို လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် ကြားသိရလို့ စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2020-11-23
ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် ကလေးသူငယ်တွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရနှုန်း ကြောက်ခမန်းလိလိ တိုးလာနေတာကြောင့် အလွန်စိုးရိမ်တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ UNICEF အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
2020-11-23
ကျောက်မဲမြို့နယ်အတွင်း နှစ်စဉ်လုပ်ကြံခံရလို့ သေဆုံးမှုတွေထဲမှာ ဦးထိုက်ဇော် ဖြစ်စဉ်ဟာ နောက်ဆုံးဖြစ်စေချင်တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒေသအတွင်းလှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကလည်း ဦးထိုက်ဇော် လုပ်ကြံခံရမှုကို ရှုတ်ချကြောင်း ပြောဆိုထားကြပါတယ်။
2020-11-23
ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေအပေါ် မြန်မာအာဏာပိုင်တွေက တရားစွဲထားတာတွေကို ပြန်ရုပ်သိမ်းပြီး ချက်ချင်းပြန်လွှတ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အပါအဝင် ပြည်တွင်းပြည်ပက လူ့အခွင့်အရေးအဖွဲ့ ၁ဝ ဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပူးတွဲတောင်းဆိုလိုက်ပါတယ်။
2020-11-23
ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေပါတဲ့ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရွေးကောက်ပွဲအောင်ခဲ့တဲ့ နေရာဖြစ်ပေမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်ရခဲ့ပြီး SNLD က လက်လွှတ်ခဲ့ရတဲ့ တစ်ခုတည်းသောနေရာလည်း ဖြစ်ပါတယ်။
2020-11-23
NLD ပါတီက အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံခံရတာ၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ နေအိမ် သေနတ်နဲ့ ပစ်ခတ်ခံရတာတွေဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကရရှိတဲ့ မဲလေးရာကျော်ကို မြို့နယ်ကော်မရှင်က ပယ်မဲအဖြစ်နဲ့ လုပ်ခဲ့တဲ့အပေါ် မကျေနပ်လို့ အခုလိုသေနတ်နဲ့ပစ်တာဆိုပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပျံ့နေပါတယ်။
2020-11-22
မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ NLD အစိုးရ နောက်ထပ်သက်တမ်း ငါးနှစ်အတွင်း အဓိက ဆောင်ရွက်သင့်တာတွေအပြင် တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးအလားအလာ စတာတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2020-11-22
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာ အနိုင်ရထားတဲ့ NLD ပါတီကိုယ်စားလှယ် မနေ့ညက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ် ခံရတာဟာ အကြမ်းဖက်လုပ်ရပ် ဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး လေ့လာသူတွေက ကန့်ကွက်ရှုတ်ချနေကြပါတယ်။
2020-11-21
ဒီနေ့ည ခြောက်နာရီလောက်က နေအိမ်ရှေ့မှာ ဖွင့်လှစ်ထားတဲ့ကုန်စုံဆိုင်မှာရှိနေချိန် သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရင်ဘတ်ကို သေနတ်ကျဉ်ဆံထိမှန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2020-11-21
ဒီတစ်ပတ်မှာ " NLD ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-11-21
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နှုန်းမြင့်တက်လာနိုင်တဲ့ အခြေအနေရှိတာကြောင့် ပြန့်ပွားနှုန်းတဲ့နေရာတွေကို အိမ်ပြင်မထွက်ပဲနေကြဖို့ Stay At Home ကြေညာမှာဖြစ်ပြီး ကူးစက်နှုန်းလျော့ကျသွားတဲ့နေရာတွေကိုတော့ ဖြေလျော့ပေးတာတွေ လုပ်ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောလိုက်ပါတယ်။
2020-11-21
ကယားပြည်နယ်ထဲမှာ ရွေးကောက်ပွဲအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း တချို့က ဒေသဖွံ့ဖြိုးရေးတွေကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။