သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-20
မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာစီယံ အလှည့်ကျ ဥက္ကဌတာဝန် ပေးမပေး ဆိုတာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ သဘောထားကို ခံယူပြီး ဆုံးဖြတ်မယ့် အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။
2011-09-20
မြစ်ဆုံ ရေကာတာ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီကနေ့ တစ်ကိုယ် တော် ဆန္ဒပြမှု တစ်ခု ဖြစ်ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။
2011-09-20
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြင်ဦးလွင် မဲဆန္ဒနယ်အမှတ်-၂ ကနေ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရတဲ့ ဦးပီတာလင်းပင်ဟာ မနေ့က မြန်မာနိုင်ငံကို ပြန်သွားတယ်လို့ သိရပါတယ်။
2011-09-19
ကချင်ပြည်နယ်မှာ တရုတ်အစိုးရက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရောက် မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဆန်ဖရန်စစ္စကိုမြို့ တရုတ် ကောင်စစ်ဝန်ရုံးရှေ့မှာ စက်တင်ဘာလ ၁၉ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
2011-09-19
မြန်မာနိုင်ငံမှာ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ အသွင် ကူးပြောင်းရေး ဖြစ်ပေါ်လာဖို့ အတွက် မြန်မာ အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေကို ရှေ့ဆက် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
2011-09-19
မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ အပစ်အခတ် ရပ်စဲရေး အတွက် နိုင်ငံတကာ အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်းဖို့ ပြည်ပရောက် ကရင် တိုင်းရင်းသား အဖွဲ့အစည်းတွေက ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2011-09-19
အမေရိကန်၊ အီးယူ၊ ကနေဒါ စတဲ့ ချမ်းသာတဲ့ နိုင်ငံတွေ အနေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ GSP အစီအစဉ် အရ အခွန်လျှော့ပေးတဲ့ အထွေထွေ ဦးစားပေး အခွင့်အရေးတွေကို မြန်မာနိုင်ငံကို ပေးအပ်ဖို့ မသင့်လျော်သေးကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2011-09-19
ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာ မြစ်ဆုံ ရေကာတာ အတွက် ဆန္ဒပြမယ်ဆိုတဲ့ သတင်းကြောင့် သတင်းထောက်တွေ အပါအဝင် လူ ၅၀ လောက်ဟာ ရန်ကုန်ရှိ တရုတ်သံရုံးရှေ့မှာ ဒီကနေ့ စုဝေးခဲ့ကြတယ်လို့ သိရပါတယ်။
2011-09-18
မြန်မာဘာသာနဲ့ရေးသားထုတ်ဝေတဲ့ ပြည်တွင်းထုတ် စာစောင်တွေမှာ စာလုံးပေါင်း သတ်ပုံ မှားယွင်းမှုတွေ များပြားနေတဲ့ အတွက် အစိုးရရဲ့ ကြီးကြပ်မှု လိုအပ်ကြောင်း စစ်တပ် ကိုယ်စားပြု အမတ်တစ်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
2011-09-18
အမေရိကန် သမ္မတဟောင်း Bill Clinton ဦးစီးပြီး ကျင်းပမယ့် ကမ္ဘာ့အလှူရှင်များ ထိပ်သီး ညီလာခံကြီးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့နေအိမ်ကနေ ဗီဒီယိုနဲ့တိုက်ရိုက် စကားပြောကြားမယ်လို့သိရပါတယ်။
2011-09-18
ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို အများပြည်သူရဲ့ ဆန္ဒသဘောထားနဲ့ အညီ အကောင်အထည်ဖော်ရေး အတွက် အကြံပြုစာတမ်း ထုတ်ပြန်ဖို့ ဒီမိုကရက်တစ် မိတ်ဆွေပါတီများ- ၁ဝ ပါတီအဖွဲ့က ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2011-09-18
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ အချင်းချင်း ကူညီထောက်ပံ့ရေး အစီအစဉ်တခုကို စတင် လုပ်ဆောင် မယ်လို့ မိသားစုဝင်တွေက ဒီကနေ့ ပြောကြားပါတယ်။
2011-09-18
မြန်မာနိုင်ငံမှာ အပြုသဘော အပြောင်းအလဲတွေ ရှိနေပြီး အာရပ်ကမ္ဘာက လူထုဆန္ဒပြပွဲတွေလို လူထုအုံကြွမှုတွေဟာ မြန်မာ့နိုင်ငံရေး ပြဿနာကို အဖြေရှာပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2011-09-18
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အဝ ရပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားကြပါတယ်။
2011-09-18
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းယူခဲ့တာ ၂၃ နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့နဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်တဝိုက်နဲ့ နယူးယောက်မြို့က မြန်မာနိုင်ငံသားတွေ မြန်မာသံရုံး ရှေ့မှာ မနေ့က စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။