စာလုံးပေါင်း သတ်ပုံမှားယွင်းမှု အစိုးရ ကြီးကြပ်သင့်ကြောင်း စစ်တပ်အမတ် အဆိုတင်

မြန်မာဘာသာနဲ့ရေးသားထုတ်ဝေတဲ့ ပြည်တွင်းထုတ် စာစောင်တွေမှာ စာလုံးပေါင်း သတ်ပုံ မှားယွင်းမှုတွေ များပြားနေတဲ့ အတွက် အစိုးရရဲ့ ကြီးကြပ်မှု လိုအပ်ကြောင်း စစ်တပ် ကိုယ်စားပြု အမတ်တစ်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

2011.09.18
journal_seller_305_z.jpg စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။
AFP

အောက်လွှတ်တော် အမတ်ဖြစ်သူ ဗိုလ်မှူး စိုးဟိန်းနောင်က မြန်မာဘာသာနဲ့ထုတ်ဝေနေတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ စာလုံးပေါင်း သတ်ပုံ မှားယွင်းမှုတွေကို ပြင်ဆင်တာ အားနည်းနေတဲ့ အတွက် စာဖတ်သူတွေ အတွက် အလွန်အန္တရာယ် ကြီးကြောင်း၊ ဒါကြောင့် အစိုးရရဲ့ ကြီးကြပ်မှု လိုအပ်နေကြောင်း လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ယခင်က မြန်မာစာ သင်ရိုးညွှန်းတမ်း အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ တက္ကသိုလ် ဘာသာပြန်ဌာန စာကြည့်တိုက်မှူးလည်းဖြစ်သူ စာရေးဆရာ ကဗျာဆရာ မောင်စွမ်းရည်က - စတုထ္တ မဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေကသာ ဆုံးဖြတ် လုပ်ကိုင်ရမယ့် ကိစ္စကို အစိုးရက ဝင်ရောက် ကြီးကြပ်ဖို့ မလိုကြောင်း၊ အရင်ကလည်း အခုလို ဝင်ရောက် စွက်ဖက်တာတွေ ရှိခဲ့ကြောင်း၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်ရင် ဒီမိုကရေစီ လုပ်ရပ်တွေ ရှိရမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

လက်ရှိ အောက်လွှတ်တော်၊ အထက်လွှတ်တော်နဲ့သက်ဆိုင်ရာ ပြည်နယ် တိုင်း ဒေသကြီး လွှတ်တော်တွေမှာ တင်ပြအဆိုပြုနေတဲ့ ကိစ္စတွေထဲမှာ စာလုံးပေါင်း သတ်ပုံ ကိစ္စတင်မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ် အဆင့်တွေ၊ ဆိုင်ရာ အဖွဲ့အစည်းတွေမှာ ဆွေးနွေး အဖြေရှာသင့်တဲ့ ကိစ္စတွေကို ပြည်ထောင်စု အဆင့် လွှတ်တော်မှာ တင်ပြ ဆွေးနွေးနေကြတယ် ဆိုတဲ့ သရော် ဝေဖန်ချက်တွေကို ပြည်တွင်း စာနယ်ဇင်းကာတွန်းတွေနဲ့ အင်တာနက် စာမျက်နှာတွေမှာ တွေ့ရှိနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-19 16:07

The Fox will think only his way.

Anonymous
2011-09-18 17:47

တိုင်းပြည်မှာ ဖွတ်အစိမ်းရောင်တွေ မတရားကြီးစိုးနေကြမှတော့ ဒီလိုဗရုတ်သုက္ခလုပ်နေပုံတွေကို ဘာပြန်ပြောရမယ်မှန်း မသိနိုင်လောက်အောင်ပါပဲ။ စာဖတ်သူတွေမှာ စာလုံးပေါင်းသတ်ပုံအမှားတွေကို ဖတ်ရလို့ ကျရောက်မယ့်အန္တရာယ်တွေထက် ပိုမိုကြီးမားတဲ့ အန္တရယ်ကြီးတွေကို နေ့စဉ်ကြုံတွေ့နေရတယ်ဆိုတာ ဒီ မိုးကျရွှေကိုယ် ဖွတ်စိမ်းတွေ မသိမြင်နိုင်လောက်အောင် ကန်းနေကြလို့လား၊ သူယုတ်စိတ်တွေနဲ့ မသိမြင်ယောင်ဆောင်ပြီး ခုလို မယောင်ရာဆီလူးနေကြတာလား သိချင်စမ်းပါဘိ။

Anonymous
2011-09-18 19:57

စာလုံးပေါင်းသတ်ပုံမှားယွင်းမှုတွေကတော့ တော်တော်ကို များလာတာ တွေ့ရပါတယ်။ ပုံနှိပ်ဂျာနယ်တွေမှာကို တော်တော်ကြီးတွေ့နေရပြီး၊ အွန်လိုင်းပေါ်မှာ ရေးထားတဲ့စာတွေဆိုရင် ပိုလို့ဆိုးလာပါတယ်။ ဒါလည်း အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော်တွေမှာတော့ တိုင်းပြည်အတွက် ဒီထက်အရေးကြီးတဲ့ ကိစ္စရပ်တွေအတွက် အချိန်ပေးဖို့ကောင်းပါတယ်။ ဆရာကြီးမောင်စွမ်းရည်ပြောတဲ့အချက်တွေကို ထောက်ခံပါတယ်။ ဂျာနယ်တွေကလည်း ပြောစရာဖြစ်လောက်အောင် အခြေအနေဆိုးလာလို့ ပြောခံရတာလို့ပဲ မြင်ပါတယ်။