နိုင်ငံရေးအကျဉ်းသားမိသားစုဝင် အချင်းချင်း ကူညီထောက်ပံ့ရေး အစီအစဉ်

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ အချင်းချင်း ကူညီထောက်ပံ့ရေး အစီအစဉ်တခုကို စတင် လုပ်ဆောင် မယ်လို့ မိသားစုဝင်တွေက ဒီကနေ့ ပြောကြားပါတယ်။

2011.09.18
assk_prisoners_families_305_z.png ရန်ကုန်မြို့၊ ရွှွေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေရဲ့ တလတကြိမ် တွေ့ဆုံပွဲကနေ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ တလတကြိမ် တွေ့ဆုံပွဲကို အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်ရဲ့နေအိမ်မှာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ပထမဆုံး ပြုလုပ်ခဲ့ပြီး လစဉ် ဆက်တိုက် ပြုလုပ်ခဲ့ရာမှာ ဒီကနေ့ စစ်တွေထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုသန်းတင်ရဲ့နေအိမ် တောင်ဥက္ကလာပမှာ လေးကြိမ်မြောက် ပြုလုပ်ခဲ့ကြတာပါ။

ဒီ တွေ့ဆုံပွဲတွေကတဆင့် အကူအညီပေးရေး အစီအစဉ်တွေလုပ်ဖို့ စဉ်းစားမိတာလို့ တွေ့ဆုံပွဲ ဖြစ်မြောက်ရေး ဦးစီး ဆောင်ရွက်ပေးနေတဲ့ မမီမီလွင်က ပြောပါတယ်။

“မိသားစု တွေ့ဆုံပွဲမှာ တွေ့ကြရင်း ငါတို့ ဒါလေးတွေလုပ်ကြရင် ကောင်းမယ်ဆိုပြီး လုပ်ကြတာပါ။ လူသားချင်း စာနာပြီး ကူညီတာပါ။ ဘာ အသင်းအဖွဲ့တွေနဲ့မှ မဆိုင်ပါဘူး။ ဒီအဖွဲ့လေး လုပ်မယ်ဆိုတော့ ကိုမင်းကိုနိုင် အမေက အသက် ၇၅ နှစ်မြောက်မွေးနေ့ အလှူတွေ သွားလုပ်တဲ့အချိန်မှာ ကျမက ဒီအစီအစဉ်ကို ပြောပြတယ်။ သူက ငါ့မွေးနေ့လုပ်မယ့် အလှူထဲကနေ မ,တည်ငွေ ဆိုပြီး ငွေလေး တသိန်းထည့်ပေးတယ်။ အဲဒီကနေ စတာပါ”

မ,တည်ငွေ ရရှိခဲ့တဲ့ နောက်ပိုင်း အကူအညီ ပေးလိုသူတွေထံကနေ အလှူငွေတွေ ဆက်ပြီး ကောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲကို လာရောက်တဲ့ ထောင်ဒဏ် ၆၅ နှစ်၊ ၆ လ ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုရဲ့ဇနီး မဝါက … နိုင်ငံရေးအကျဉ်းသားတွေ အစုလိုက်အပြုံလိုက် ဖမ်းခဲ့တာ ၄ နှစ် ဆိုတဲ့အချိန် ကြာလာပြီးတဲ့နောက် မိသားစုဝင်တွေမှာလည်း ဒုက္ခမျိုးစုံ ကြုံခဲ့ရတာတွေ ရှိတာကြောင့် ဒီပွဲကနေ တဦးကိုတဦး ကူညီနိုင်ကြပါတယ်လို့ ပြောပါတယ်။

“ရေရည်မှာ ဒုက္ခရောက်တဲ့ မိသားစုတွေ များလာတော့ တဦးနဲ့တဦး မြန်မာပြည်အနှံ့ ထောင်မျိုးစုံမှာရှိတဲ့ လူတွေဆီက အသံတွေ ကြားရတာပေါ့။ နည်းနည်းလေး ချောင်လည်တဲ့ မိသားစုက မချောင်လည်တဲ့ မိသားစုကို ပံ့ပိုးကြတာတွေ လုပ်ဖြစ်တယ်။ ဒီမိသားစု တွေ့ဆုံပွဲလေးကတော့ အရမ်း ကောင်းပါတယ်”

ဒီကနေ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုဝင် ၅ဝ လောက် လာရောက်သလို မကြာခင်က ပြစ်ဒဏ် ရက်စေ့လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း လာရောက်တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်း တင်ပြချက်ကို တဆက်တည်း နားဆင်နိုင်ပါတယ်။

မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-21 04:33

ဆရာရေ စစ်တွေထောင်မှာကျနေတဲ့တောင်ဥက္ကလာက ကိုသန်းလွင်ဆိုတာမှားနေတယ်။နာမည်အမှန်ကအကြီးသန်း(ခေါ်)ကိုသန်းတင်ပါ။