သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-17
အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး ကိစ္စတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ အတွက် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေတွေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ တစ်နိုင် ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုကော် မတီဝင် ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
2015-11-17
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် အစာငတ်ခံ ဆန္ဒပြနေတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအဝင် ၇ ဦး ဟာ ဆန္ဒပြမှုကို ဒီနေ့က စပြီး ယာယီရပ်နားလိုက်ပါတယ်။
2015-11-17
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ အရှေ့မြောက်ဘက်က မတ်လန်းတံတား အနီးမှာ မနေ့က မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ ကလေးနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
2015-11-17
ရှမ်းပြည်နယ် မိုင်းနောင်၊ မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေမှာ အစိုးရတပ်နဲ့ SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေ တာကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးနေကြတဲ့ စစ်ဘေး ဒုက္ခသည်တွေထဲက တစ်ရာနီးပါးဟာ ဒီနေ့ တောင်ကြီး မြို့ ကျောင်းကြီးစုရပ်ကွက်က ဝေဠုဝန်ကျောင်းတိုက်ကို ရောက်ရှိနေပါတယ်။
2015-11-17
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှူးမြို့နယ် ဝမ်းဆော့ရွာအနားမှာ SSPP/SSA တပ်တွေကို မြန်မာအစိုးရတပ်က ဒီနေ့နေ့လည်မှာ လေ ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့သလို၊ TNLA တအာင်း လွတ်မြောက်ရေးတပ်တွေရှိတဲ့ မိုးမိတ်ဒေသမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
2015-11-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်တို့နဲ့ သီးခြား စီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-11-17
နောက်တက်လာမယ့်အစိုးရကို စနစ်တကျ အာဏာ လွဲပြောင်း ပေးသွားမှာဖြစ်ပြီး၊ နောက်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ဆောင်ရွက်သွားနိုင်မယ် လို့ ယုံကြည်ကြောင်း သမ္မတဦးသိန်းစိန်က ပြောလိုက် ပါတယ်။
2015-11-17
ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရှုံးနိမ့်ခဲ့ရဟာ... ပါတီစည်းကမ်းနဲ့ မကိုက်ညီဘဲ ပါတီဥက္ကဋ္ဌ နေရာအပြောင်းအလဲ လုပ်လိုက်တာကြောင့်ရော၊ ပါတီထိပ်ပိုင်းခေါင်းဆောင် ၂ ဦးအကြား တာဝန်ခွဲဝေမှုနဲ့ ညီညွတ်မှု မရှိ တာကြောင့်ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ဖူးသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက သုံးသပ်လိုက်ပါတယ်၊
2015-11-17
အစာငတ်ခံ ဆန္ဒပြနေတာ တလနီးပါး ရှိပြီဖြစ်တဲ့ ဗကသ ကျောင်းသား သုံးယောက်ဟာ သာယာဝတီထောင်ကနေ ရန်ကုန်ဆေးရုံကြီးကို ရောက် ရှိနေပါတယ်။
2015-11-16
လာမယ့်အစိုးရသစ် လက်ထက်မှာ ရခိုင်ပြည်နယ်က ဒုက္ခသည်အရေး ကိစ္စတွေအပြင် နိုင်ငံသားဖြစ်ခွင့် ပြဿနာနဲ့၊ ရိုဟင်ဂျာ လူမျိုးနာမည် အငြင်းပွားမှု ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေ က မျှော်လင့်နေကြပါတယ်။
2015-11-16
ရွေးကောက်ပွဲရလဒ်နဲ့ ပေါ်ပေါက်လာမယ့် NLD ပါတီအစိုးရအပေါ် ရှုမြင်သုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုး က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-11-16
NLD- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ အများစု အနိုင်ရသွားတဲ့အပေါ် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက လက်ရှိကိုယ်စားလှယ်တွေရဲ့ အမြင်ကို RFA ဝိုင်းတော်သူ မသင်းသီရိက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။
2015-11-16
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် အားလုံးအနိုင်ရရှိခဲ့တာကြောင့် မဲရုံတွေမှာကိုယ်စားလှယ်တာဝန် ထမ်းဆောင်ခဲ့ သူတွေနဲ့ မဲဆွယ်စည်းရုံးရေးမှာ ကူညီခဲ့သူတွေကို လေးတောင် တိုက်နယ်က နဂါးရွာမှာ မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဂုဏ်ပြုပွဲကျင်းပခဲ့ပါတယ်။
2015-11-16
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူ ၇ဝ အပေါ်စွဲဆိုထားတဲ့ ပုဒ်မအားလုံးကို ပယ်ဖျက်ပေးဖို့ ပဲခူးတိုင်းတရားလွှတ်တော်ထံ လျှောက်ထားမှုကို တိုင်းတရား လွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
2015-11-16
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အတွက် အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်း သားတွေနဲ့ ဝန်းရံသူတွေကို ဆန္ဒပြမှုရပ် တန့်ဖို့အတွက် ဦးဝင်းတင် ဖောင်ဒေးရှင်းအပါအဝင် အဖွဲ့ အစည်း ၉ ဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။