သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-14
ကချင်ပြည်နယ်က မဲဆန္ဒနယ်မြေတွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ အများစု အနိုင်ရထားပါတယ်။၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေကလည်း ရွေးကောက်ပွဲရလဒ်အပေါ် ကြိုဆိုတယ်လို့ ပြောကြပါတယ်။
2015-11-14
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်အတွင်းမှာ အစိုးရတပ်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းအကြား တိုက်ပွဲတွေကြောင့် ဝမ်ဆော့နဲ့ ဟိုက်ပါ ဒုက္ခသည်စခန်းက ဒုက္ခသည် ၁၅ဝ လောက် လားရှိုးမြို့ကို ရောက်ရှိလာပါတယ်။
2015-11-14
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကနေ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရှမ်းပြည်- ကိုးကန့်ဒီမိုကရက်တစ်ပါတီက သူတို့ဒေသတွင်းမှာ မဲမသမာမှုတွေ ရှိခဲ့ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်ပါတယ်။
2015-11-14
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဒေသအတော်များများမှာ အနုပညာရှင်အတော်များများ ပါဝင်ကူညီပြီး စည်းရုံးပေးခဲ့ကြပါတယ်။
2015-11-14
လက်ရှိ မဲရလဒ်တွေအရ NLD ပါတီ အနေနဲ့ အစိုးရဖွဲ့နိုင်ပြီ ဖြစ်ပြီး၊ ဖွဲ့စည်းပုံနဲ့ကိုက်ညီတဲ့ ဘယ်လိုပုဂ္ဂိုလ်ကိုမဆို သမ္မတတင်မြောက်နိုင်ပြီ လို့ ရှေ့နေကြီးဦးကိုနီက ပြောပါတယ်။
2015-11-14
အပတ်စဉ် သောကြာနေ့တိုင်း RFA ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ဖြစ်ပါတယ်။
2015-11-13
မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးဖြစ်သူ Mr Kim Sok Chol ကို မြောက်ကိုရီယားနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးကိစ္စမှာ ကြားခံပွဲစား အဖြစ် ဆောင်ရွက်ခဲ့တဲ့အတွက် အမေရိကန်အစိုးရက စီးပွါးရေးပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှာ ထည့်သွင်း လိုက်ကြောင်း သိရှိရပါတယ်။
2015-11-13
ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် နဲ့ ကျေးသီးမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ထွက်ပြေးနေတဲ့ ဒေသခံ လေးထောင်ကျော်ရှိပြီး အဲ့ဒီထဲက ၁၅ဝ ကျော်ဟာ လားရှိုးမြို့ အောင်မင်္ဂလာမန်ဆူရှမ်းကျောင်း မှာ ခိုလှုံနေကြရပါတယ်။
2015-11-13
စစ်တပ်ကသိမ်းထားတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် က အိမ်ခြံမြေ ပြန်ပေးဖို့ မြို့တော် ခန်းမရှေ့မှာဆန္ဒပြခဲ့ကြ တဲ့ပြည်သူတွေထဲက အသက် ၇၀ ကျော် အမျိုးသမီးတွေ အပါအဝင် ၁၃ ယောက်ကို ဒီနေ့မှာ ထပ်ပြီး စည်ပင်သာယာ ဥပဒေနဲ့ ထောင်ဒဏ် ၃ လစီချမှတ် လိုက်ပါတယ်။
2015-11-13
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟာ ရွေးကောက်ပွဲမှာ ၇၄% အထိနိုင်နေ ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။
2015-11-13
ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အပြောင်း အလဲအတွက် ကနဦးအဆင့်သာဖြစ်ပြီး စိန်ခေါ်မှုတွေ အများအပြား ရှိနေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး Derek Mitchell က ပြောပါတယ်။
2015-11-13
သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြနေသူ ၇ဦးထဲက ဗကသကျောင်း သားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းနဲ့ ကျောင်းသား ၁ ဦးကို ထောင်ဆေးရုံ ကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံ ဒီနေ့ လွဲှပြောင်းပေးလိုက်ပါတယ်။
2015-11-13
အမျိုးုဘာသာ သာသနာကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့က ရွေးကောက်ပွဲ ငြိမ်းချမ်း စွာ အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့မှုအတွက် ဝမ်းသာ ဂုဏ်ယူကြောင်း ထုတ်ပြန်ပြောဆို လိုက်ပါတယ်။
2015-11-13
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ ပြီးရင် နှစ်ပေါင်း ၇ဝ နီးပါး ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်တန့်အောင်လုပ်ပြီး နိုင် ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဦးစားပေးဆောင်ရွက်စေလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။
2015-11-13
ရွေးကောက်ပွဲ အရှုံး၊ အနိုင်နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ် ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လှကျော်ဇောကို ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။