စိန်ခေါ်မှုအများအပြား ရှိသေးကြောင်း အမေရိကန် သံအမတ်ကြီးပြော


2015.11.13
derek-mitchell-620.jpg အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ကနဦးအဆင့်သာဖြစ်ပြီး စိန်ခေါ်မှုတွေ အများအပြား ရှိနေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနဲ့ တွေ့ဆုံအပြီးမှာ အမေရိကန်သံအမတ်ကြီးက သတင်းမီဒီယာသမားတွေ ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ရွေးကောက်ပွဲဟာ အများပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်ကြောင်းနဲ့ ငြိမ်းချမ်းစွာ ပြီးဆုံးသွားတာဟာ အားလုံးမျှော် လင့်ထားတဲ့အတိုင်း ဖြစ် လာကြောင်း ဒီရွေးကောက်ပွဲဟာ လာမယ့် ပြုပြင်ပြောင်းလဲရေးအတွက် ကနဦး အဆင့်ဖြစ်ကြောင်း၊ မိမိအနေနဲ့ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ ဆွေးနွေးတဲ့အထဲမှာ ရွေးကောက်ပွဲအတွင်း ဖြစ်ပေါ် ခဲ့တဲ့ တိုင်တန်းထားတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း" ပြောခဲ့တာဖြစ် ပါတယ်။

ဒါ့အပြင် ဘယ်နိုင်ငံက ရွေးကောက်ပွဲမဆို အားလုံးပြီးပြည့်စုံပြီး အပြစ်ကင်းတဲ့ ရွေးကောက်ပွဲဆိုတာ မရှိကြောင်း နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အခက်အခဲပေါင်းစုံကြားကနေ အောင်မြင်အောင် ကျင်းပနိုင်ခဲ့တာဖြစ် တယ်လို့လည်း အမေရိကန်သံအမတ်က ကော်မရှင်ကို ဂုဏ်ပြုပြောဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ဒုတိယ သံအမတ် Ichiro Maruyama ကလည်း လာမယ့် အစိုးရသစ်ဟာ ပြည်သူတွေရွေးချယ်ပေးခဲ့တဲ့ အစိုးရဖြစ်ကြောင်းနဲ့ ဂျပန်နိုင်ငံအနေနဲ့ အကူအညီတွေ ပို့ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သတင်းမီဒီယာ သမားတွေကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။