သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-01
တစ်နိုင်ငံလုံးက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို နိုဝင်ဘာလက စတင်ပြီး ၅ လအတွင်း အပြီးသတ် ပြန်လည်ရွေးချယ်ဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလိုက်ပါတယ်။
2017-11-01
ကချင်ပြည်နယ်က လိုင်စင်မဲ့ မော်တော်ယာဉ်ပေါင်းစုံကို မြစ်ကြီးနားမြို့နယ်ထဲ ဝင်ရောက်ခွင့် နဲ့ မြစ်ကြီးနားမြို့နယ်ထဲကနေ တခြားမြို့နယ်တွေဘက် ထွက်ခွာမောင်းနှင်ခွင့်ကို ဒီနေ့ကစပြီး ခွင့်မပြုတော့ဘူးလို့ ပြည်နယ် မော်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူက ပြောပါတယ်။
2017-11-01
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့က အသက် ၁၄နှစ်အရွယ် ကျောင်းသားတစ်ဦးကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ မန္တလေးလူငယ်ပြုပြင် ထိန်းသိမ်းရေးစခန်းမှာ နေထိုင်ဖို့ နမ့်ဆန်မြို့နယ် တရားသူကြီး ဦးဇော်ဇော်ဦးက ပြောပါတယ်။
2017-11-01
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြည်နယ်အစိုးရနဲ့ ပုဂ္ဂလိကပိုင် နတ်မြစ်အလင်းတန်း ကုမ္ပဏီတို့ ပူးပေါင်းပြီး ငွေကျပ်သန်းပေါင်း ၂၂၀၀ နဲ့ ကညင်ချောင်းစီးပွားရေးဇုန်ကို စတင် အကောင်အထည် ဖော်သွားမယ်လို့ သိရပါတယ်။
2017-11-01
မောင်တောဒေသမှာ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေရှိနေသေးတာကြောင့် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာပေး ဖို့ တောင်းဆိုကြောင်း ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီက အောက်တိုဘာလ ၂၉ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-11-01
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဇောတိကာရုံကျောင်းတိုက်ဆရာတော်အပါအဝင် ဆရာတော် ၆ ပါးထံ လျှောက်ထားတင်ပြခဲ့တယ် လို့ သိရပါတယ်။
2017-11-01
နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ၂ဝ၁၇ အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပတဲ့ ၁၂ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကနေ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးကိစ္စတွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။
2017-11-01
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေ ကို နိုဝင်ဘာလ ၄ရက်နေ့မှာ စတင်လက်ခံမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မှန်ကြောင်းနဲ့ ၁၉၉၃ သဘောတူညီချက်တွေ ကို နှစ်နိုင်ငံအစိုးရချင်း ပြင်ဆင်ဖြည့်စွက်ဖို့တွေ ရှိနေသေးကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။
2017-11-01
လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်ဟာ အစိုးရသွားလိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအားထုတ်မှုကို ခြိမ်းခြောက်မှုတွေဖြစ်နေတဲ့အတွက် စိုးရိမ်မိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-11-01
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မှာ နိုင်ငံသားစိစစ်ခံရမယ့်သူတွေ ကိုင်ဆောင်မယ့် သက်သေခံကဒ်ပြား NVC ကဒ်တွေထုတ်ပေးခဲ့ရာမှာ ကဒ်တွေကိုမထုတ်ယူဖို့ ဒေသခံတွေကို အကြမ်းဖက် သမားတွေက ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေပါတယ်။
2017-11-01
မြန်မာနိုင်ငံမှာ အာဏာရအသိုင်းအဝိုင်း၊ ခရိုနီအသိုင်းအဝိုင်းတွေနဲ့ မပတ်သက်ဘဲ အသေးစားစီးပွားရေး လုပ်ငန်းလုပ်နေတဲ့သူတွေအတွက် မလိုလားအပ်တဲ့ အခက်အခဲတွေ ကြုံနေရဆဲဖြစ်တာကြောင့် မြန်မာ့စီးပွားရေး ဦးမော့နိုင်မှာ မဟုတ်သေးဘူး ဆိုတဲ့အကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2017-11-01
နိုင်ငံတကာမီဒီယာတွေရဲ့ သတင်းအမှားတွေကြောင့် NLD ပါတီအနေနဲ့ တိုင်းပြည်ညီညွတ်ရေးကိုရှေးရှုပြီး ထောက်ခံပွဲတွေလုပ်ရတာဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
2017-10-31
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်နေတဲ့ မီးပုံးပျံပွဲမှာ မနေ့ညက မီးပုံးပျံပျက်ကျမှုကြောင့် ကလေးငယ် ၂ဦးအပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2017-10-31
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ လူဦးရေစာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲချုပ်ထံ တောင်းထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2017-10-31
အရှေ့တောင်အာရှရဲ့ အကြီးဆုံးကုန်းတွင်းရေအိုင်ကြီးဖြစ်တဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က အင်းတော်ကြီးကန်ကို ယူနက်စကိုရဲ့ ဇီဝအဝန်းနယ်မြေ Indawgyi Biosphere Reserve အဖြစ် ပြည်ထောင်စုအစိုးရက ဒီကနေ့ တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။