သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-16
ပြည်ပပို့ကုန် အမျိုးအစား ၇ မျိုးအတွက် ကုန်သွယ်ခွန်ကို ၆ လ ကင်းလွတ်ခွင့် ပေးမှာဖြစ်ကြောင်း ဒီကနေ့ ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ ပေမယ့် ဒေါ်လာငွေ တန်ဖိုး ဆက်လက် ကျဆင်းနေတာ ကြောင့် သိသိသာသာ အကျိုးခံစားနိုင်မှာ မဟုတ်ဘူး လို့ ပို့ကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။
2011-08-16
သမ္မတ ဦးသိန်းစိန်က စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ပထမဆုံး အကြိမ်အဖြစ် နေပြည်တော် မှာ မနက်ဖြန် တွေ့ဆုံဖို့ ဖိတ်ကြားထားပါတယ်။
2011-08-16
ပဲခူးမြို့က အနောက်ရွှေနံ့သာ ကျောင်းတိုက် ဓမ္မာရုံအတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အလှူငွေ ၅ သိန်း ထပ်မံ လှူဒါန်းကြောင်း သိရပါတယ်။
2011-08-16
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ်မှာ ကူညီပေးလိုက်တဲ့ အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB က ကျေးဇူးတင်ကြောင်း ဒီနေ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။
2011-08-16
ဧရာဝတီမြစ် ထာဝရ ရှင်သန်ရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ ဒီကနေ့ သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တင်ပြတဲ့ လှုပ်ရှားမှု တခုကို ရန်ကုန်မြို့မှာ စတင် လှုပ်ရှားပါတယ်။
2011-08-16
KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ အခုအချိန်အထိ တိကျတဲ့ အဖြေ မရရှိသေးပါဘူး။
2011-08-15
မနေ့က ပြင်ပ နိုင်ငံခြားငွေ လဲလှယ်နှုန်း အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ (၇၅၇) ကျပ်ပဲ ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က တစ်ဒေါ်လာကို (၇၆၄) ကျပ်နှုန်း ပေါက်ခဲ့တာပါ။ FEC လဲလှယ်နှုန်း ကတော့ တစ်ဒေါ်လာကို ၇၀၀ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။
2011-08-15
ပြီးခဲ့တဲ့ နိုဝင်ဘာလက နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နိုင်ငံရေး ခရီးဖြစ်တဲ့ ပဲခူးခရီးစဉ်ရဲ့ အောင်မြင်မှု ရလဒ်ကို ကုလ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က မနေ့က ကြိုဆိုလိုက်ပါတယ်။
2011-08-15
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခရီးစဉ်အဖြစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးနဲ့ သနပ်ပင်ကို သွားရောက်ခဲ့တဲ့ အကြောင်း တင်ပြထားပါတယ်။
2011-08-15
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူသားထု တရပ်လုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ ဖွဲ့စည်း စစ်ဆေးနိုင်ရေးကို Forum of Burmese in Europe ခေါ် ဥရောပရောက် မြန်မာများအဖွဲ့က ထောက်ခံလိုက်ပါတယ်။
2011-08-15
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရသစ်ကို ထင်သာမြင်သာ ရှိရှိ တိုးတက်အောင် လုပ်ဖို့ ပြောနေတဲ့ မူဝါဒရှိပါတယ်။ ဒါကို ကျနော်တို့ စောင့်ကြည့်နေပါတယ်လို့ အမေရိကန်အထက် လွှတ်တော် အမတ် Mr. Jim Webb က သြဂုတ်လ ၁၅ ရက်နေ့က ပြောသွားပါတယ်။
2011-08-15
ကချင်ပြည်နယ်မှာ တရုတ်ကုမ္ပဏီတွေ တည်ဆောက်နေတဲ့ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ချက်ချင်း ရပ်တန့်ပေးဖို့ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ဒီကနေ့ ကြေညာချက် တစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက် ပါတယ်။
2011-08-15
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက လာမည့် သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ RFA ကို ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။
2011-08-15
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဝန်ကြီး ဦးအောင်ကြည်တို့ရဲ့ တွေ့ဆုံပွဲတွေက နှစ်ဘက် သဘောတူညီချက်တွေ အပေါ် ကြိုဆို ထောက်ခံကြောင်း ကြေညာချက် တစ်စောင်ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2011-08-15
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က သူ့ရဲ့ ပဲခူးမြို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။