ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် ကူညီ်တဲ့ အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင် FTUB က ကျေးဇူးတင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ်မှာ ကူညီပေးလိုက်တဲ့ အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB က ကျေးဇူးတင်ကြောင်း ဒီနေ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။

2011.08.16
maung_maung_ftub_305_z.png နိုင်ငံတကာ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ညီလာခံကို အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ် ဖို့ဝိန်းမြို့ရှိ အင်ဒီယာနာ တက္ကသိုလ်-ပါဒူးတက္ကသိုလ်မှာ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကျင်းပခဲ့ရာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် (အလယ်) တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo Courtesy of Conference Organizers)
Photo Courtesy of Conference Organizers

ဒါနဲ့ ပတ်သက်လို့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က RFA ကိုအခုလိုပြောပါတယ်။

"ခရီးစဉ်မှာ ကူညီ လိုက်တယ်ဆိုတာ သူတို့ဘက်က လက်တွေ့ လုပ်ပြ လိုက်တာလို့ ကျနော်တို့က သုံးသပ်တယ်။ အခု လုပ်တဲ့ လုပ်ငန်းက နံပတ်တစ် လုပ်ငန်း ဖြစ်တယ်။ အများလည်းပါတဲ့ လုပ်ငန်းဖြစ်တယ်။ အထူးသဖြင့် အောက်ခြေ တပ်မတော်သားတွေ ပါတဲ့ လုပ်ငန်း ဖြစ်တဲ့ အတွက် ဒါကို ဆက်ပြီး လုပ်သွားမယ် ဆိုလို့ရှိရင် ပိုပြီးတော့ အောင်မြင်လာမယ်။ လက်တွေ့ လုပ်ငန်းတွေ လုပ်ခြင်း အားဖြင့် ယုံကြည်မှု ပိုပြီး တည်ဆောက် လာနိုင်မယ်လို့ ယုံကြည်လို့ ကျနော်တို့ ထောက်ခံ ကြိုဆိုတာ ဖြစ်ပါတယ်"

အခုခရီးမှာ ပူးပေါင်း ဆောင်ရွက်သလို၊ နောက်ခရီးစဉ်တွေ ရှိခဲ့ရင်လည်း ပူးပေါင်း ဆောင်ရွက်ပြီး နားလည်မှု ရအောင် ပိုမိုလုပ်ဆောင်ဖို့ FTUB က တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတို့ ပူးပေါင်း ဆောင်ရွက်မှု ခြေလှမ်းအစကနေ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲထိ ဖြစ်လာအောင် ဝိုင်းဝန်း ကြိုးပမ်းဖို့ကိုလဲ FTUB က တိုက်တွန်း လိုက်ပြီး၊ မကြာခင်မှာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်လာ လိမ့်မယ်လို့ ခန့်မှန်းပြောဆို လိုက်ပါတယ်။

FTUB အတွင်းရေးမှူး ဦးမောင်မောင်နဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင် နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-16 21:52

we are warmly welcome for this troops and their leader,their plan is guarding for our mother(AMAY SU)but also their saved our mother land,i really appreciate it,this is call hero of our golden land,please carry on and make our country at highest rank,thanks you guys.