ဒေါ်လာဈေးနှုန်း ဆက်လက် ကျဆင်း

မနေ့က ပြင်ပ နိုင်ငံခြားငွေ လဲလှယ်နှုန်း အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ (၇၅၇) ကျပ်ပဲ ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က တစ်ဒေါ်လာကို (၇၆၄) ကျပ်နှုန်း ပေါက်ခဲ့တာပါ။ FEC လဲလှယ်နှုန်း ကတော့ တစ်ဒေါ်လာကို ၇၀၀ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။

2011.08.15
dollar_bank_korea_305_Z ကိုရီးယား ငွေလဲလှယ်ရေးဘဏ်တွင် အမေရိကန် ဒေါ်လာ ရာတန်အုပ်များကို ဘဏ်အမှုထမ်းတဦး ရေတွက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

Export Earning လို့ခေါ်တဲ့ ပို့ကုန် ရငွေကတော့ မနေ့က မနက်ပိုင်းမှာ ရ၉၀ ကျပ်နဲ့ ဈေးစဖွင့်ပြီး ဈေးပိတ်ချိန်မှာ ၇၈၃ ကျပ်ထိ ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဈေးကွက်မှာ ၇၉၂ ကျပ်အထိ ရှိခဲ့တာပါ။

အခုလို ဒေါ်လာဈေးတွေ ဆက်လက် ကျဆင်းနေတာဟာ အခွန်လျှော့မည့် သတင်းကြောင့် ပို့ကုန်သမားတွေဘက်က ဈေးကိုက်လာမယ် အထင်နဲ့ ဈေးကို ချဝယ်ကြတာကြောင့် ဈေးကျ သွားတာ ဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။

မနေ့က စတင်ပြီး ပို့ကုန် (၇) ခုနဲ့ပတ်သက်လို့ ကုန်သွယ် လုပ်ငန်းခွန် ခြောက်လ ကင်းလွတ်ခွင့် ပေးပြီး ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းပဲ ကောက်ခံမည့် အကြောင်း အစိုးရက ကြေညာပြီးနောက် အခုလို ဒေါ်လာဈေးတွေ ဆက်လက် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပို့ကုန် စီးပွားရေး ကောင်းမွန်လာအောင် ဆောင်ရွက်နေ သလို သွင်းကုန် လုပ်ငန်းကိုလည်း အစိုးရ အနေနဲ့ ကျယ်ကျယ် ပြန့်ပြန့်လုပ်ကိုင်ခွင့်ပေးဖို့ လုပ်ငန်းရှင်တွေဘက်က ဆွေးနွေး တင်ပြထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-16 05:13

ဒီသတင်းကိုကြိုဆိုပါတယ်။