သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-17
ယနေ့နိုင်ငံရေး အစီအစဉ်မှာ “ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရောင်နီ သမ်းတော့မလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။
2020-12-17
၂ နှစ်ကြာ တိုက်ပွဲတွေနဲ့ ပြည့်နေခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အခုဆိုရင် တိုက်ပွဲတွေ ရပ်တန့်နေတာ တစ်လကျော်ရှိလာပါပြီ။ မြန်မာငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတဲ့ အခြေအနေရှိနေတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ ဒီရက်ပိုင်းတိုက်ပွဲအချို့ဖြစ်ပါတယ်။
2020-12-17
ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေ ပိတ်ထားရပေမယ့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေ အပါအဝင် တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ချို့တွေရဲ့ ထိန်းချုပ်ရာနယ်မြေတွေထဲက စာသင်ကျောင်းကတော့ ဖွင့်ထားပါတယ်။
2020-12-17
နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ကို ပြစ်ဒဏ်ကနေပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပက ထောက်ခံလက်မှတ်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေကို စာပေးပို့တောင်းဆို ထားပါတယ်။
2020-12-17
RFA ပေးစာ ပြန်စာအစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-12-16
ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စက်ရုံဝန်ထမ်းတစ်ဦး ပိုးတွေ့ရှိခဲ့တဲ့ Hakers အထည်ချုပ်စက်ရုံကို ပိုးသတ်ဆေးဖျန်းပြီး ဆက်လက်ဖွင့်လှစ်ခွင့်ပြုမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
2020-12-16
ကရင်ရိုးရာဒုံးအကကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ဖို့အတွက် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့တွေက ကြိုးစားနေပါတယ်။ UNESCO မှာ တင်သွင်းမှု အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ မျိုးဆက်သစ်လူငယ်တွေအတွက် လေ့လာသင်ယူစရာ မှတ်တမ်းစာအုပ်တစ်အုပ်အနေနဲ့ ဖြစ်လာမယ်လို့ ပညာရှင်တွေက ပြောပါတယ်။
2020-12-16
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာအုပ်စုအတွက် ကပ်ရောဂါကာလ အစိုးရက ထောက်ပံ့ထားတဲ့ငွေတွေကို ကျေးရွာအာဏာပိုင်တွေက အလွဲသုံးစားလုပ်ထားကြောင်း ဒေသခံတွေက နေပြည်တော်ရှိ နိုင်ငံအကြီးအကဲတွေဆီကို ဒီနေ့ စာပေးပို့ တိုင်ကြားလိုက်ပါတယ်။
2020-12-16
မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဟာ ပြည်တွင်းစစ်ကြောင့် ကလေးတွေ ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်နေပြီး မြန်မာနိုင်ငံမှာပြဌာန်းထားတဲ့ ကလေးသူငယ် အခွင့်အရေးဥပဒေထဲက ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်လို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုနေကြပါတယ်။
2020-12-16
ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ စီးပွားရေး နာလန်ထဖို့ မြန်မာနိုင်ငံအနေနဲ့ ကပ်ဘေးတုံ့ပြန်မှု အစီအမံတွေကို မြန်မြန်ဆန်ဆန် ချမှတ်အကောင်အထည် ဖော်ရတော့မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ရဲ့ ကိုယ်စားလှယ် Mariam Sherman က ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။
2020-12-16
တိုင်းရင်းသားတွေနေထိုင်တဲ့ ပြည်နယ်တွေက တိုင်းရင်းသားရိုးရာ အမွေအနှစ်နေရာတွေကို နိုင်ငံတော်အဆင့် စောင့်ရှောက်ခံအမွေအနှစ်အဖြစ် သတ်မှတ်ပေးတာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အထောက်အကူဖြစ်စေတယ်လို့ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးပညာရှင်တွေက အကြံပေးကြပါတယ်။
2020-12-16
ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေအိမ်မှာနေထိုင်ရေး အမိန့်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အမိန့်ညွှန်ကြားချက်တွေကြောင့် လနဲ့ချီပြီး အလုပ်တွေနားထားရတဲ့ ရန်ကုန်ုတိုင်းက ပြည်သူတွေဟာ ကန့်သတ်မှုတွေ အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေ ပိုပြီးကြုံလာကြပါတယ်။
2020-12-16
ကပ်ရောဂါကူးစက်မှုနှုန်းမြင့်နေတဲ့ ရန်ကုန်မြို့မှာ လုပ်အားပေးလာလုပ်ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ လုပ်ငန်းခွင်အတွင်း PPE လို ကျန်းမာရေးသုံးပစ္စည်းတွေ မလုံလောက်တာ၊ စားသောက်ရေး အခက်အခဲရှိတာတွေ ကြုံတွေ့နေရပါတယ်။
2020-12-16
ရန်ကုန်တိုင်းက အစိုးရဆေးရုံတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်ကူညီကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကျန်းမာရေးသုံးဝတ်စုံ PPE မလုံလောက်တဲ့ အခက်အခဲတွေ၊ စားသောက်နေထိုင်ရေးအခက်အခဲ ကြုံတွေ့နေပါတယ်။
2020-12-16
ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်၊ လွယ်တောင်ရွာကို တခြားနေရာရွှေ့ပြောင်းဖို့ RCSS/SSA တပ်ဖွဲ့က ဖိအားပေးခိုင်းနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မဟုတ်မှန်ဘူးလို့ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေး က RFAကို ပြောပါတယ်။