သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-12
ကနေဒါနိုင်ငံသား Mr. Rod Germiane ဟာ မိုင်လေးထောင်နီးပါး ခရီးရှည် စက်ဘီးနင်းပြီး မြန်မာနိုင်ငံက စစ်ပြေး ဒုက္ခသည်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှှုအတွက် ရန်ပုံငွေ ရှာဖွေခဲ့ရာမှာ အမေရိကန် ဒေါ်လာ သုံးသောင်း (US$ 30,000) ရရှိခဲ့တယ်လို့ သိရပါတယ်။
2011-08-11
၂၀၁၀ ခုနှစ်က ရန်ကုန် X2O ရေကစားမဏ္ဍပ်ရှေ့ ဗုံးကွဲတဲ့ ဖြစ်ရပ်ကို သတင်းဓာတ်ပုံ ရိုက်ယူခဲ့တာကြောင့် ထောင်ချ ခံထားရတဲ့ ကိုစည်သူဇေယျတို့ သားအဖ နှစ်ဦးစလုံးရဲ့ အမှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆက်လက် ကိုင်တွယ် စုံစမ်းနေတယ်လို့ သိရပါတယ်။
2011-08-11
မြန်မာနိုင်ငံကို စေလွှတ်မယ့် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ အတွက် အမေရိကန် အစိုးရက ဦးဆောင် ကြိုးပမ်းနေတယ်လို့ သြဂုတ်လ ၁၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိူးသမီး Victoria Nuland က အတည်ပြု ပြောဆိုသွားပါတယ်။
2011-08-11
ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ မော်နီတာ ဂျာနယ် တာဝန်ရှိသူတွေကို တရားစွဲခဲ့တာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ စာနယ်ဇင်း ကျင့်ဝတ် အရ ဦးအောင်ဆန်းဦးရဲ့ပြောကြားချက်ကို သူ့အနေနဲ့ တည်းဖြတ်ခွင့် မရှိဘူးလို့ မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောပါတယ်။
2011-08-11
မြန်မာအစိုးရတပ်တွေက ရှမ်းပြည်နယ်အတွင်း SSA မြောက်ပိုင်းတပ်တွေကို ပြီးခဲ့တဲ့ မတ်လက စလို့ ထိုးစစ်ဆင်ခဲ့ရာမှာ အခုအချိန်ထိ စစ်ပြေး ဒုက္ခသည် ၃ သောင်းကျော် ရှိပြီ ဖြစ်ပါတယ်။
2011-08-11
၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံဟာ ဒီမိုကရေစီကို ချက်ချင်း ရအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် မအောင်မြင်တဲ့ အရေးတော်ပုံ တရပ်လို့ မမြင်မိကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။
2011-08-11
ပဲခူးတိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့သစ်က ရေဘေးဒုက္ခသည်တွေအတွက် တိုက်ကြီးမြို့ BG သွေးလှုဒါန်းရေး ကွန်ယက်အဖွဲ့ နဲ့ စေတနာရှင်တွေက စားနပ်ရိက္ခာ ထောက်ပံ့ ကူညီခဲ့ကြပါတယ်။
2011-08-11
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်က လယ်ယာမြေတွေကို ဇေကမ္ဘာ ကုမ္ပဏီက မတန်တဆ ဈေးနှိမ် ရယူထားတဲ့ ကိစ္စကို လယ်သမားတွေက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဥပဒေ အထောက်အကူ အဖွဲ့ကို ဒီကနေ့ လာရောက် တင်ပြပါတယ်။
2011-08-11
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် အလုပ်သမားရေး ဝန်ကြီး ဦးအောင်ကြည် တို့ဟာ သြဂုတ်လ (၁၂) ရက် မနက်ဖြန်မှာ နောက်ထပ် တကြိမ် ထပ်မံ တွေ့ဆုံမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2011-08-11
ဧရာဝတီမြစ်နဲ့ ဆက်စပ် ဖြစ်ပေါ်လာတဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာ၊ အတတ်ပညာ ဆိုင်ရာနဲ့ နိုင်ငံရေး ပြဿနာ အလုံးစုံကို အားလုံး ပူးပေါင်း ဆောင်ရွက်ရင် အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ကြပါမယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက် ပါတယ်။
2011-08-10
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်နဲ့ ရန်ကုန်တိုင်း တိုက်ကြီး မြို့နယ်တို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မိုးဆက်တိုက် ရွာသွန်းခဲ့လို့ ရေကြီးပြီး မနေ့က လူအသေအပျောက် ရှိခဲ့တယ်လို့ သိရပါတယ်။
2011-08-10
မြန်မာစစ်တပ်က တိုင်းရင်းသူ အမျိုးသမီးတွေ အပေါ် အတင်း အဓမ္မပြုကျင့်တာတွေ ရပ်တန့်သွားအောင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖိအားပေးဖို့ နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် ဆီကို အမေရိကန် အထက် လွှတ်တော် အမျိုးသမီး (၁၃) ဦးက သြဂုတ်လ ၁၀ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက် ပါတယ်။
2011-08-10
မြန်မာနိုင်ငံအနေနဲ့ လာမယ့် အောက်တိုဘာလမှာ မုန်တိုင်း အန္တရာယ် အထူး သတိထားဖို့ လိုအပ်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။
2011-08-10
ဒေါ်အောင်ဆန်းစုကြည်၏ ဇူုလိုင်၂၈ ရက် ရက်စွဲပါ အိတ်ဖွင့်ပေးစာအား ရည်ညွှန်းလျှက် ဆိုပြီး လွှတ်တော် အမတ် (၂၃) ဦးရဲ့ ငြိမ်းချမ်းရေး လိုလားသူများ အတွက် အိတ်ဖွင့် ပေးစာအပေါ် နိုင်ငံရေး ခေါင်းဆောင်တွေက သုံးသပ် ပြောဆိုကြပါတယ်။
2011-08-10
SSA ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်း ပူးပေါင်း တပ်ဖွဲ့တွေက မြန်မာ အစိုးရတပ် ယာဉ်တန်းကို ရှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဖိန်းရွာနားမှာ သြဂုတ် ၁၀ရက် ဒီကနေ့ ချုံခို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။