ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံမည်
2011.08.11

AFP
ဒီလို တွေ့ဆုံမယ့် ကိစ္စကို ကြားရပေမဲ့ တရားဝင် မသိရသေးဘဲ သတင်းမှန် မမှန် အတည်မပြုနိုင်သေးတဲ့အကြောင်း NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံမယ် ဆိုတဲ့ အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ခရီးစဉ် မစတင်ခင် (၂) ရက် အလိုမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင ်တချို့ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပဲခူးမြို့ကို ခရီးထွက်ဖို့ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လွတ်လာပြီး နောက်ပိုင်း ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၅) ရက်နေ့က ရန်ကုန် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ ပထမဦးဆုံး အကြိမ် ပြန်လည် တွေ့ဆုံခဲ့ကြ ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ပြည်သူတွေ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေမယ့် နှစ်ဦး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်း တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီး ဦးအောင်ကြည်က သတင်းထောက်တွေကို ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း ဘာပဲလုပ်လုပ် ပြည်သူလူထု အကျိုးကို ရှေးရှု လုပ်ဆောင်သွားမှာပါလို့ ပြောခဲ့ပါတယ်။