သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-25
လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ Rakhine Development Foundation ရဲ့ ဥက္ကဌ ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာပိုင်တွေက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင်လိုက် ပါတယ်။
2017-10-25
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းက သီတဂူဗုဒ္ဓတက္ကသိုလ်မှာ လက်နက်တွေ ဖမ်းမိတယ်ဆိုပြီး ဖေ့ဘွတ်မှာ သတင်းမှားတွေ ဖော်ပြခဲ့တဲ့ အကောင့်ပိုင်ရှင် ၅ ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
2017-10-25
ရခိုင့်တပ်မတော် AA အဖွဲ့က ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ၉ ဦးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-10-25
လူမှုကွန်ရက် ဖေ့စ်ဘွတ်မှာ လူမျိုးရေး ဘာသာရေး လှုံံ့ဆော်မှုတွေ၊ သတင်းမှားဖြန့်ဝေမှုတွေ များလာတဲ့အတွက် စောင့်ကြည့်ထိန်းသိမ်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-10-25
ရခိုင်ပြည်နယ် မောင်တောဒေသက ဒုက္ခသည်တွေအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခု ရန်ပုံငွေနဲ့ နေအိမ်အဆောက်အဦးတွေ ဆောက်လုပ်ဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
2017-10-25
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲတွေကို ၂၀၁၈ ခုနှစ်မှာ ပြုလုပ်သွားမယ်လို့ စာရေးဆရာ ဦးထင်လင်းဦးက ပြောပါတယ်။
2017-10-25
တိုင်းရင်းသားဒေသတွေမှာ သယံဇာတ အလွန် အကျွံ ထုတ်ယူနေတဲ့ စီမံကိန်းတွေ ယာယီတားမြစ် ထားရင် ပဋိပက္ခတွေ အဆုံးသတ်စေဖို့ အထောက် အကူဖြစ်လိမ့်မယ်လို့ BEWG-မြန်မာ့သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့က ပြောပါတယ်။
2017-10-25
ကချင်ပြည်နယ် တနိုင်းမြို့မှာ ဆန်သယ်ယူ ရောင်းချခွင့်ကို တပ်မတော်က ထိန်းချုပ်ထားတဲ့ အတွက် ဆန်ရှားပြီး ဈေးကြီးနေတယ်လို့ သိရပါတယ်။
2017-10-25
အစိုးရအဖွဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ဟာ တပ်နေရာပြန်လည်ချထားရေးနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ သဘောတူညီချက် မရသေးတာကြောင့် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ် ထပ်မံဆွေးနွေးကြဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-10-25
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လယ်ယာနဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကျပ်ငွေ ၅၀ ဘီလီယံရင်းနှီးမြုှပ်နှံပြီး ၃ နှစ်စီမံကိန်း ချမှတ်ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဒီကနေ့ မင်းရဲကျော်စွာလမ်းက မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ် UMFCCI မှာရှိတဲ့ မြန်မာနိုင် ငံဆန်စပါးအသင်းချုပ်ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2017-10-25
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး ရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ဟာ တပ်နေရာ ပြန်လည်ချထားရေးနဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေမှာ သဘောတူညီချက် မရသေးတဲ့အတွက် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ်ဆွေးနွေးကြဖို့ အောက်တိုဘာလ ၂၄ ရက်နေ့က ဆုံးဖြတ်လိုက်ပါ တယ်။
2017-10-25
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လယ်ယာနဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကျပ်ငွေ ၅ဝ ဘီလီယံ ရင်းနှီးမြုပ်နှံပြီး သုံးနှစ်စီမံကိန်း ချမှတ်ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဒီကနေ့ မင်းရဲကျော်စွာလမ်းက မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ် (UMFCCI) မှာရှိတဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။
2017-10-25
မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်ဖို့ သမ္မတဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်နာယကကို ပေးပို့ထားတဲ့ သဝဏ်လွှာကို အောက်တိုဘာလ ၂၃ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ပါတယ်။
2017-10-24
ရခိုင်ပြည်နယ်အရေးကို လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှု အကြောင်းပြ ပြီး နောက်ကွယ်ကနေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာမှုတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာတဲ့အတွက် အထူးသတိထားစောင့်ကြည့် ကာကွယ် သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-10-24
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လယ်ယာနဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကျပ်ငွေ ၅၀ ဘီလီယံရင်းနှီးမြှုပ်နှံပြီး ကူညီဆောင်ရွက်သွားမယ်လို့ အသင်းချုပ်တာဝန်ရှိသူတွေက ပြောပါတယ်။