ရခိုင်မြောက်ပိုင်း လယ်ယာနဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး
2017.10.25
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လယ်ယာနဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကျပ်ငွေ ၅၀ ဘီလီယံရင်းနှီးမြုှပ်နှံပြီး ၃ နှစ်စီမံကိန်း ချမှတ်ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဒီကနေ့ မင်းရဲကျော်စွာလမ်းက မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ် UMFCCI မှာရှိတဲ့ မြန်မာနိုင် ငံဆန်စပါးအသင်းချုပ်ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
RFA သတင်းထောင် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။