သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-03
ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ကျန်းမာရေးဟာ တော်တော်လေး ဆိုးဝါးနေတဲ့ အတွက် ရောဂါ အတိုင်းအတာကို MRI ဓါတ်မှန်စက်နဲ့ရိုက်ကူးစစ်ဆေးဖို့လိုအပ်တာမို့ သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံထားကြောင်း ရှေ့နေကြီး ဦးလှမျိုးမြင့် က RFA ကိုပြော ပါတယ်။
2011-08-02
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည် ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာ့ အဖွဲ့အစည်းတွေက ဦးသိန်းစိန် အစိုးရကို ဒီကနေ့ တိုက်တွန်းလိုက်ကြ ပါတယ်။
2011-08-02
ကလေး စစ်သား တစ်ဦးကို မိခင်ဖြစ်သူက သက်ဆိုင်ရာ တပ်ရင်း တာဝန်ရှိသူတွေထံ သွားရောက် တောင်းခံရာမှာ သူ့ရဲ့သား အကြောင်း အိုင်အယ်လ်အိုကို တိုင်ကြားခဲ့မှု အတွက် မိဘတွေကို ဖမ်းဆီး ထောင်ချနိုင်ကြောင်း သားဖြစ်သူကိုလည်း သတ်ဖြတ်ပစ်မှာ ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
2011-08-02
ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO နဲ့ ဆက်သွယ်တယ် ဆိုပြီး သာယာဝတီ ထောင်မှာ ပြစ်ဒဏ် ၈ နှစ် ချမှတ် ခံထားရတဲ့ ဦးလှမြင့်သန်းဟာ မျက်စိ တိမ်ရောဂါကြောင့် မျက်လုံး နှစ်ဘက်လုံး ကွယ်လု နီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။
2011-08-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီးအဖွဲ့နဲ့ ဒီမိုကရေစီကွန်ရက် အဖွဲ့တို့က ရန်ကုန်တိုင်း မရမ်းချောင်ရွာ က အနာကြီးရောဂါ ဝေဒနာသည်တွေ ကို စားသောက်ဖွယ် မုန့်ပဲသရေစာ၊ အဝတ် အထည်နဲ့ ထမင်းတနပ်စာ ဒီနေ့ သွားရောက်လှူဒါန်း ကြတယ်လို့ သတင်းရရှိပါတယ်။
2011-08-02
KIO နဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ အစိုးရက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေအခံ ဥပဒေအပေါ်မှာ အခြေခံပြီး ပြောဆိုနေတာကြောင့် ဆွေးနွေးပွဲ တိုးတက်မှု မရှိ ဖြစ်နေရတယ်လို့ KIO ကပြောဆိုပါတယ်။
2011-08-02
မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဖိအားပေးတဲ့ အနေနဲ့ မြန်မာ အစိုးရကို စစ်လက်နက် ပစ္စည်း တင်ပို့ ရောင်းချမှု ပိတ်ပင်ဖို့ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ NCUB က ကုလသမဂ္ဂကို တောင်းဆို လိုက်ပါတယ်။
2011-08-02
ကိုမင်းကိုနိုင် အပါအဝင် ထောင်ဒဏ် ၆၅ နှစ်ကျော် အသီးသီး ချမှတ်ခံထားရတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် (၉) ဦး လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး တရား လွှတ်တော်ချုပ်နဲ့ အစိုးရသစ်ဆီကို စာတင်ဖို့ မိသားစုဝင်တွေက ပြင်ဆင်နေတယ်လို့ သိရပါတယ်။
2011-08-02
ဒီမိုကရေစီရေးမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ကျောင်းသားပြည်သူ ကြည်ညိုလေးစားတဲ့ မန္တလေးမြို့ ဘုရားကြီး ကျောင်းတိုက်က ဆရာတော် ဦးကောသလ္လရဲ့ ရုပ်ကလာပ်ကို မနေ့က တောင်မြင့် သုဿန်မှာ သြင်္ဂိုဟ်ခဲ့ပါတယ်။ ဆရာတော်ဟာ ကျောက်ကပ်ရောဂါနဲ့ စနေနေ့က ပျံလွန် တော်မူခဲ့တာပါ။
2011-08-01
တာချီလိတ်ြမြို့မှာ ဒီမိုကရေစီရေး စာရွက်စာတမ်း ဖြန့်ချိခဲ့မှုနဲ့ အမေရိကန် အမျိုးသမီးတဦးကို မြန်မာအာဏာပိုင် တွေက ဖမ်းဆီးပြီး ထိုင်းနိုင်ငံဘက်ကို ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
2011-08-01
ဒုတိယအကြိမ် ပုံမှန် လွှတ်တော် အစည်းအဝေးတွေကို လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပဖို့ အစိုးရသတင်းစာက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2011-08-01
မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် စော်ကားမှု၊ ကလေးစစ်သားအဖြစ် အဓမ္မ စုဆောင်းမှု၊ အဓမ္မ ခိုင်းစေ ညှင်းပန်းနှိပ်စက်မှု စတဲ့ အနိုင်ကျင့် အမြတ်ထုတ်မှုတွေ အများအပြား ပေါ်ပေါက်နေတဲ့အတွက် ထိထိရောက်ရောက် ကာကွယ် စောင့်ရှောက်မှုပေးဖို့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများက ဒီကနေ့ မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
2011-08-01
သြစတြေလျနိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုး နောက်ထပ်နှစ်ဦးက သူတို့ဟာ ရှစ်လေးလုံး အရေးတော်ပုံအတွင်း ဆန္ဒပြသူတွေအပေါ် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေ ဖြစ်ကြောင်း ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
2011-08-01
နေပြည်တော်မှာ အစိုးရက အခုလ အတွင်း ကျင်းပဖို့ရှိတဲ့ မြန်မာနိုင်ငံရဲ့ မက်ခရို (Macro) စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားဖို့ စီစဉ်ထားတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်က RFA ကို ဒီကနေ့ ပြောကြားပါတယ်။
2011-08-01
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ဗဟိုဦးစီးအဖွဲ့ဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး NLD ပါတီရဲ့ ဆောင်ရွက်ချက်တွေအပေါ် ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။