နိုင်ငံရေးအကျဉ်းသား မျက်စိကွယ်လုနီးပါး
2011.08.02

(Photo: AFP)
ဦးလှမြင့်သန်းဟာ ဆေးကုသခွင့် ရဖို့အတွက် ထောင် အာဏာပိုင် တွေကို အတော်လေး တောင်းဆိုခဲ့ ရကြောင်း၊ ဇူလိုင် ၈ ရက်နေ့ကမှ အင်းစိန်ထောင်ကို ပြောင်းရွေ ပေးခဲ့ပြီး အခုတော့ မျက်စိ ခွဲစိတ် ကုသဖို့ အင်းစိန် ဆေးရုံမှာ တက်ရောက် နေကြောင်း မိသားစုဝင် တစ်ဦးက ပြောပါတယ်။
“မျက်လုံး နှစ်လုံးစလုံး တိမ်စွဲနေပြီး မမြင်ရဘူး ဖြစ်နေတယ်။ အင်းစိန် ထောင်ပြောင်းပြီးတော့ ၂၇ ရက်နေ့မှာ အင်းစိန်ဆေးရုံကို ထုတ်တယ်။ သူ မျက်လုံး ခွဲရမယ်။ အပြင် ဆေးရုံကို လွယ်လွယ်နဲ့ မထုတ်တော့ သူ အထဲမှာ တော်တော့်ကို ကြိုးစား ပမ်းစား တောင်းဆို ရင်ဆိုင် ရသေးတယ်တဲ့။ အဲဒီတော့မှ အခုလို ဆေးရုံကို ထုတ်ပေးတာတဲ့”
အသည်းရောင် အသားဝါ ရောဂါကြောင့် အင်းစိန် ဆေးရုံမှာ ဆေးကုသ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသူ မခင်ခင်နု ရဲ့ ကျန်းမာရေး အခြေအနေလဲ အလွန် ဆိုးဝါး နေကြောင်း သိရပါတယ်။ မခင်ခင်နုဟာ ထမင်း မစားနိုင်ဘဲ ဆန်ပြုပ်သာ သောက်နိုင်ကြောင်း ဒီကနေ့ နောက်ထပ် သူ့ကို ဆေးစစ်ဖို့ရှိကြောင်း သိရပါတယ်။