သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-19
နေပြည်တော် လေဆိပ်မှာ လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးထားတဲ့ ဦးဖြိုးကိုကိုတင့်ဆန်း ကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေပုဒ်မ ၆၁၊ (က)၊(င) အပါအဝင် ပုဒ်မသုံးခုနဲ့ ထပ်ပြီးအမှုဖွင့်လိုက်တယ်လို့ နေပြည်တော်၊ ဒက္ခိဏမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်စိုးက ပြောပါတယ်။
2017-10-19
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ ဒီကနေ့ မနက် ၃ နာရီ ခွဲအချိန်လောက်က မီးလောင်မှု ဖြစ်ပွားပြီး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။
2017-10-19
လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC က ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ၇ ကြိမ်မြောက် တွေ့ဆုံပြီး NCA စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ UNFC ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က ပြောပါတယ်။
2017-10-19
တရားမဝင်လက်ဝယ်ထားရှိတဲ့ လက်နက်/ခဲယမ်းတွေ၊ ဆက်သွယ်ရေးစက်တွေ၊ လိုင်စင်မဲ့ ယာဉ်တွေကို နီးစပ်ရာ တပ်၊ ရဲစခန်းတွေ၊ ရဲတပ်ဖွဲ့မှူးရုံးတွေကို အမြန်ဆုံးလာရောက်အပ်နှံကြဖို့နဲ့ လာရောက်မအပ်နှံဘဲ လက်ဝယ်ထားရှိကြောင်း စုံစမ်းဖော်ထုတ်ရရှိရင် တရားဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2017-10-19
ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ကမ္ဘာပေါ်မှာ အလျင်အမြန်ဆုံး ကြီးထွားလာနေတဲ့ ဒုက္ခသည်ပြဿနာဖြစ်လာနေပြီလို့ ကုလသမဂ္ဂ မဟာမင်းကြီးတွေက ၂ဝ၁၇ အောက်တိုဘာလ ၁၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-10-19
လက်ရှိအချိန်မှာ ပြည်တွင်း ဆန်ဈေးကွက် မှာ ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
2017-10-19
အကြမ်းဖက်မှုတွေကြောင့် နေအိမ်တွေမီးရှို့ခံခဲ့ရတဲ့ ခုံတိုင် မြိုတိုင်းရင်းသားကျေးရွာမှာ နေအိမ် ၄၈ လုံးကို နယ်စပ်ရေးရာဝန်ကြီးဌာနက လာမယ့် ဒီဇင်ဘာလမှာ အပြီးပြန်လည်ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
2017-10-19
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ပိုပြီး အလေးထားဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2017-10-19
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ ရာထူးတိုးမူဝါဒတွေနဲ့ ပတ်သက်ပြီး ဆရာ/ဆရာမတွေအကြား အငြင်းပွားမှုတွေ ဝေဖန်မှုတွေ တိုးလာနေပါတယ်။
2017-10-18
ထိုင်း မြန်မာနယ်စပ် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့အနီးမှာရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်း ၂ ခုမှာ ပညာသင်ကြားနေတဲ့ ဆယ်တန်းလွန်ကျောင်းတွေကို နိုင်ငံတကာ အလှူရှင်တွေက ထောက်ပံ့မှုတွေ ရပ်တန့်လိုက်ပြီး အခြေခံပညာသင်ကျောင်းတွေကိုလည်း ၅၀ ရာခိုင်နှုန်း ထောက်ပံ့မှုလျှော့ချလိုက်တာကြောင့် စခန်းမှာရှိတဲ့ လူငယ်တွေဟာ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် အခက်ကြုံနေပါတယ်။
2017-10-18
အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ငါးရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲ၊ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman ဟာ၊ ခရီးစဉ်ကနေ တစ်စုံတရာ ကတိကဝတ် အာမခံချက် မရရှိဘဲ ပြန်သွားခဲ့ရတယ်လို့ AFP သတင်းကဖော်ပြပါတယ်။
2017-10-18
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့လုပ်ငန်း ၁၄ ခုကို အကောင်အထည်ဖော်ဖို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ဘတ်ဂျက် ၅ဘီလီယံ လျာထားတယ်လို့ သိရပါတယ်။
2017-10-18
ဖမ်းဆီးခံထားရတဲ့ ACE ကုမ္ပဏီ ဥက္ကဌ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၂ ဦးကို စစ်ဆေးချက်အရ လက်နက်တွေကို မြဝတီ လမ်းကြောင်းကနေတဆင့် တင်သွင်းတယ်လို့ သိရကြောင်း မကြာခင်မှာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ့် ရဲမှူးကြီးဇော်ခင်အောင် ကပြောပါတယ်။
2017-10-18
ပြည်တွင်းမှာ စားသုံးမှုများတဲ့ ဆန်အမျိုးအစားတွေ တစ်အိတ်ကို ၂ ထောင်ကျပ် ကနေ ၅ ထောင်ကျပ် ဝန်းကျင်လောက်အထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။
2017-10-18
တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေပြဿနာတွေ ကို ဖြေရှင်းမပေးလို့ဆိုပြီး တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွ့ဲဝင် ဝန်ကြီးနှစ်ဦးကို ရာထူး ကနေ နှုတ်ထွက်ပေးဖို့ ဒေသခံလယ်သမား ၁၀၀ ကျော်ရဲ့ ဆန္ဒပြပွဲ တားမြစ်ခံရတယ်လို့ သိရပါတယ်။