သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-02
စစ်တပ်အာဏာ သိမ်းလိုက်တဲ့နောက်ပိုင်း တိုက်ပွဲတွေကြောင့် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့နေရာမှာ ရှိနေပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ” က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ရပ်တည်ရ ပိုခက်ခဲလာအောင် ထိန်းချုပ်ဖို့ ကြိုးစားတာလို့ ထောက်ပြကြပါတယ်။
2022-11-25
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လပိုင်းအတွင်းမှာ အာဆီယံခေါင်းဆောင်တွေ မြန်မာ့အရေးအတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြပြီး Five Point Consensus လို့ခေါ်တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
2022-11-18
နိုဝင်ဘာလ ၁၇ရက်နေ့က စစ်ကောင်စီဟာ တစ်နိုင်ငံလုံးကအကျဉ်းထောင်တွေက အကျဉ်းသား ခြောက်ထောင်နီးပါးကို လွှတ်ပေးခဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေပါတယ်ဆိုပေမယ့် တချို့ဟာ ပြစ်ဒဏ်ရက်စေ့သူတွေ၊ လွတ်ရက်စေ့ဖို့ လအနည်းငယ်သာ လိုတော့သူတွေ၊ ပြီးတော့အပြည်ပြည်ဆိုင်ရာက အာရုံစိုက်သူတွေနဲ့ နိုင်ငံခြားသားတွေပါဝင်နေတာကြောင့်၊ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ အပြည်ပြည်ဆိုင်ရာကို ပြဖို့သက်သက်ဖြစ်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။
2022-11-11
စစ်ကောင်စီက လာမယ့် ၂ဝ၂၃ ဩဂုတ်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ လက်နက်ကိုင်ခုခံမှုတွေ အားကောင်းတဲ့နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို တစ်ဘက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေက ၂ဝ၂၃ ကို တော်လှန်ရေးအဆုံးသတ်မယ့်နှစ်အဖြစ် သတ်မှတ်ပြီး စစ်ရေးအရှိန်မြှင့်ဖို့ ပြင်ဆင်နေပါတယ်။
2022-11-04
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၂၆၁ တို့ကို ပြင်ဆင်သွားမယ်ဆိုတာမျိုးတွေနဲ့ ကြံ့ခိုင်ရေးပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင် နေရာတွေမှာ စစ်တပ်က အရာရှိတွေ သူဩဇာညောင်းတဲ့သူတွေကို ထည့်သွင်းလာပါတယ်။
2022-10-28
အောက်တိုဘာ ၂၃ ရက်နေ့ညက ကေအိုင်အေ နှစ်ပတ်လည်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကေအိုင်အေ တာဝန်ရှိသူတချို့အပြင် ကချင်အနုပညာရှင်တွေနဲ့ အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီက ဒီတိုက်ခိုက်မှုက ကေအိုင်အေကို တန်ပြန်စစ်ဆင်ရေးလုပ်တာဖြစ်ပြီး သေဆုံးသူတွေဟာ အရပ်သားတွေ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
2022-10-21
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်လာတဲ့ အမျိုးသားရေးလှုပ်ရှားမှုများအကြောင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသာရေးလှုပ်ရှားမှုတွေကြောင့် လူမျိုးနဲ့ ဘာသာတွေကြားမှာ အမုန်းစကားတွေကတစ်ဆင့် အမုန်းတရားတွေ တိုးများလာရပါတယ်။
2022-10-14
လာမယ့်နှစ်ဟာ နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်မယ့်နှစ် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်မှာ NGU အမျိုးသားညီညွတ်ရေးအစိုးရသတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ “နွေဦးတော်လှန်ရေး ဘယ်တော့ အဆုံးသတ်နိုင်မလဲ” ဆိုတဲ့အကြောင်း ဒီတစ်ပတ် ဆွေးနွေးပွဲမှာပြောဆိုကြမှာဖြစ်ပါတယ်။
2022-10-07
စစ်ကောင်စီခေါင်းဆောင်ဟာ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်တိုင်းရင်းသားအဖွဲ့ တချို့နဲ့ ကိုယ်တိုင်တွေ့ဆုံနေရာမှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့နဲ့ တွေဆုံခဲ့ပါတယ်။ UWSA ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့၊ NDAA မိုင်းလားနဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီတွေ တွေ့ခဲ့တာပါ။ ဒီအဖွဲ့တွေနဲ့ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ တိုင်းရင်းသား အဖွဲ့တွေဘက်က စိတ်၀င်စားစရာ တောင်းဆိုတာတွေလည်း ပါရှိခဲ့သလို စစ်ကောင်စီဘက်က တုန့်ပြန်ပြောဆိုတာတွေလည်း ရှိပါတယ်။ သုံးသပ်သူတွေကတော့ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး နိုင်ငံရေးကစားနေကြတာလို့ဆိုပါတယ်။
2022-09-30
ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်နဲ့ သားမက် ဖြစ်တဲ့ ဗိုလ်ကြီးဟောင်းရဲတေဇကို Inya Urban Force (IUF) ဆိုတဲ့အဖွဲ့က လုပ်ကြံသတ်ဖြတ်မှု ဘယ်လိုရိုက်ခတ်မှု ရှိလဲဆိုတာတွေကို ဒီတပတ်အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
2022-09-23
ဒီတပတ်ဆွေးနွေးကြမှာကတော့ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့သွားပြီးပစ်ခတ်ရာမှာ ကျောင်းကိုထိမှန်ခဲ့ပြီး ကလေး ရ ဦးအပါအဝင် စုစုပေါင်း ရွာသား ၁၃ ဦးသေဆုံးရတဲ့အကြောင်းဖြစ်ပါတယ်။
2022-09-17
စစ်ကောင်စီရဲ့သံတမန်ဆက်ဆံရေးဟာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရရဲ့ သံတမန်ရေးထက် ကျရှုံးနေပြီလို့ လေ့လာသူတွေ သုံးသပ်ကြပါတယ်။ ဒီအခြေအနေအရ ကုလသမဂ္ဂရဲ့ မြန်မာကိုယ်စားလှယ်အဖြစ် လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေးက နွေဦးတော်လှန်ရေးအတွက် အကျိုးရှိစေတယ်လို့လည်း သုံးသပ်ကြပါတယ်။
2022-09-09
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အခုတစ်ပတ် RFA စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။ ပါဝင်ဆွေးနွေးသူတွေကတော့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာတင့်ဆွေ နဲ့ လက်ရှိစစ်ကိုင်းတိုင်း 96 Soldiers PDF အညာဒေသတပ်ခွဲ ကိုဇေယျာလွင်တို့ဖြစ်ပြီး RFA အဖွဲ့သား ဦးတင်အောင်ခိုင် စီစဉ်တင်ဆက်ထားပါတယ်။
2022-09-02
စစ်အာဏာ မသိမ်းခင်ကရှိခဲ့တဲ့ ဒေါ်လာစျေး၊ ရွှေစျေးနဲ့ ကုန်စျေးနှုန်းတွေဟာ အခု သီတင်းပတ်မှာ သုံးဆကျော်ထိုးတက်သွားပြီး နေ့စဉ်နဲ့အမျှ ငွေကြေးဖောင်းပွနှုန်း မြင့်တက်နေပါတယ်။ ဒီလိုမြန်မာ ငွေတန်ဖိုး တစ်ရှိန်ထိုးကျဆင်းနေတာ ဘာကြောင့်လဲ။ ဘာတွေဖြစ်လာနိုင်ခြေရှိလဲ။
2022-08-26
ဒီအပတ် စကားဝိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစဉ်တစိုက်နေထိုင်ခဲ့ပြီး မြန်မာပြည်ရဲ့ ဒီမိုကရေစီသမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံဝင်းနဲ့ နေအိမ်ကို လေလံတင်ရောင်းချပြီး ခွဲဝေယူဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက လျှောက်ထားခဲ့တဲ့အတိုင်း ခွင့်ပြုကြောင်း ပြည်ထောင်စု တရားလွှတ်တော်က သြဂုတ်လ ၂၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးသုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။