သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-19
ဒီအပတ်စကားဝိုင်းမှာ တိုက်ပွဲတွေမကြာခဏ ပြန်လည်ဖြစ်ပွားလာနေတဲ့ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေ၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့ရပိုင်ခွင့်တွေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာရဲ့ ခရီးစဉ်ဆိုင်ရာ ဝေဖန်သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2022-08-14
အာဆီယံက ဆောင်ရွက်လာမယ့် နောက်တစ်ဆင့်မှာ ပေါ်လာမယ့်အခွင့်အလမ်းကို NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ်လိုအမိအရဆုပ်ကိုင်မလဲဆိုတာတွေ ပါဝင်ဆွေးနွေးထားပါတယ်။
2022-08-05
ဒီအပတ် စကားဝိုင်းမှာ ၂ဝ၂၁ နွေဦးတော်လှန်ရေးဟာ ၁၉၈၈ လူထုအုံကြွမှုနဲ့ မတူပဲ တိုင်းရင်းသားအားလုံး ညီညွတ်မှု၊ ပြည်တွင်းပြည်ပ မြန်မာတွေရဲ့ ထောက်ခံကူညီမှု နဲ့ နည်းပညာ တိုးတက်မှုတွေကြောင့် အချိန်တိုအတွင်း ပြောင်းလဲတိုးတက်နေပုံတွေကို တင်ပြထားပါတယ်။
2022-07-29
ဒီတစ်ပတ်စကားဝိုင်းအစီအစဉ်မှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကွပ်မျက်သတ်ဖြတ်လိုက်တဲ့အတွက် တိုင်းပြည်မှာ ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာ ဆွေးနွေးထားပါတယ်။
2022-07-15
မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း ဝါဆိုလပြည့်နေ့မှာ ရန်ကုန်မြို့ပေါ်ဗုံးကွဲလို့ ပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရတာတွေ ရှိသလို၊ စစ်အာဏာသိမ်းပြီးကတည်းက နယ်မြို့တွေ တိုင်းရင်းသားနယ်မြေတွေမှာလည်း အန္တရာယ်မျိုးစုံရင်ဆိုင်နေရပါတယ်။
2022-07-08
မြန်မာပြည်သူတရပ်လုံးပါဝင်ဆင်နွဲနေတဲ့ နွေဦးတော်လှန်ရေး ဘယ်တော့ပြီးဆုံးမှာလဲ၊ ဘယ်လိုပြီးဆုံးမှာလဲ ဆိုတဲ့တွေးခေါ်သုံးသပ်ချက်တွေကို နားဆင်ကြရမှာဖြစ်ပါတယ်။
2022-07-01
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း လက်နက်ကိုင်ပဋိက္ခတွေ ပိုကျယ်ပြန့်လာပြီး အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေ မတည်ငြိမ်ရသလို၊ တိုင်းပြည်ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းပါ ထိခိုက်နေပြီဖြစ်လို့ ဆန်စပါးနဲ့ အခြေခံ စားသောက်ကုန် ထုတ်လုပ်မှုပိုင်းမှာပါ အတော့်ကိုထိခိုက်နေပြီလို့ပြည်သူတွေကြားမှာ ပြောဆိုနေကြပါတယ်။
2022-06-24
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးလုပ်နေတဲ့ ကာလအတွင်း တပ်သားတွေ သူတို့ လူတွေကို ဘယ်လိုသတ်ခဲ့တယ် ဘယ်နှစ်ယောက် သတ်ခဲ့တယ်ဆိုပြီး အချင်းချင်း ပြောနေတဲ့ ဗီဒီယို ရုပ်သံနဲ့ သူတို့ လူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ သက်သေခံ ဓာတ်ပုံတွေအကြောင်းကို RFA က ထုတ်လွှင့်ခဲ့ပါတယ်။
2022-06-17
စစ်အာဏာသိမ်းပြီးနောက်မှာ ချင်း၊ ကချင်၊ ကရင်၊ ကယားစတဲ့ တိုင်းရင်းသားနယ်မြေတချို့နဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ ပြည်တွင်းစစ်ကြောင့် ပြည်သူတွေအသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေချိန်မှာ၊ ရန်ကုန် မန္တလေးလို့ အဓိကမြို့ကြီးတွေမှာလဲ ခိုးဆိုးလုယက်မှုတွေ အသက်အန္တရာယ် ပြုခံရတာတွေကြုံနေရတယ်လို့ ပြည်သူတွေပြောကြပါတယ်။
2022-06-10
ပါဝင်ဆွေးနွေးသူတွေကတော့ CDM ဗိုလ်ကြီး ထက်မြက်၊ KNU ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောတောနီး နဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ တင့်ဆွေ တို့ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2022-06-03
ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်ရှားပြီး ဆင်းရဲ မွဲတေမှုဆီ ဦးတည်နေတဲ့အတွက် လူငယ်တွေ ပြည်ပထွက်အလုပ်လုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2022-05-27
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အစိုးရဝန်ထမ်းတွေရဲ့ CDM အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကြောင့် အထိနာခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီက မြန်မာလူထုအနေနဲ့ သူတို့အာဏာသိမ်းတာကို လက်ခံအသိအမှတ်ပြုပြီး မြန်မာနိုင်ငံဟာ သူတို့အုပ်ချုပ်မှု လက်အောက်မှာ ပုံမှန်ပြန်ဖြစ်နေပြီဆိုတာကို ပြသချင်တဲ့အတွက် ကျောင်းဆရာ ဆရာမတွေကို စာသင်ခန်းတွေပြန်လာဖို့ ဖိတ်ခေါ်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
2022-05-21
NUG ရဲ့ ပြည်တွင်းပြည်ပ သံတမန်ဆက်ဆံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး “NUG ရဲ့ ပြည်တွင်းပြည်ပ သံတမန်ဆက်ဆံရေး” အကြောင်း ဆွေးနွေးထားပါတယ်။
2022-05-14
အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေ မပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက တိုက်ပွဲတွေကို ရပ်တန့်နိုင်မလား၊ နိုင်ငံရေးအင်အားစု အားလုံးပါဝင်ရေး တောင်းဆိုချက်က အောင်မြင်နိုင်ပါ့မလား၊ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို လက်နက်ကိုင်တော်လှန်ရေးကပဲ အဖြေရှာနိုင်တော့မှာလားဆိုတာ ဆွေးနွေးထားပါတယ်။
2022-05-07
အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီဥက္ကဋ္ဌကို ထပ်မံတိုက်တွန်းထားသလို၊ တစ်ဘက်မှာ လည်း အာဆီယံအသင်းအနေနဲ့ NUG အစိုးရနဲ့တွေ့ဆုံဖို့ မလေးရှားက အာဆီယံကို အကြံပြုတိုက်တွန်းထားပါတယ်။ ဒါကြောင့် ဒီတစ်ပတ်စကားဝိုင်းမှာ အာဆီယံရဲ့ညှိနှိုင်းမှု အကျိုးဖြစ်နိုင်လားဆိုတဲ့ အကြောင်းဆွေးနွေးထားပါတယ်။