သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-28
၂ဝ၁၈ အောက်တိုဘာလ ၂၇ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲနဲ့ မြန်မာ့နိုင်ငံရေး အကျိုးဆက်တွေ အကြောင်း " ကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ မြန်မာနိုင်ငံရေးလေ့လာသူ ဒေါက်တာ တင်မောင်သန်း၊ သတင်းစာဆရာ ဆရာ ချစ်ဝင်းမောင်နဲ့ Equality Myanmar က အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့ို့ို့ ဖြစ်ပါတယ်။
2018-10-20
၂ဝ၁၈ အောက်တိုဘာလ ၂၀ ရက်နေ့ည စနေ စကားဝိုင်း အစီအစဉ်မှာ "ငြိမ်းချမ်းရေးထိပ်သီး အစည်းအဝေးနဲ့ မြန်မာ့နိုင်ငံရေးအလားအလာ အကြောင်း" ကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ မြန်မာနိုင်ငံရေးလေ့လာသူ ဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်း၊ မြန်မာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးသိပ္ပံ MIPS က အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးတို့ို့ ဖြစ်ပါတယ်။
2018-10-13
၂ဝ၁၈ အောက်တိုဘာလ ၁၃ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ “နေပြည်တော် ထိပ်သီးအစည်းအဝေးနဲ့ ငြိမ်းချမ်းရေးအလားအလာအကြောင်း ”ကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင် ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ လက်နက်ကိုင် တိုင်းရင်းသားအရေး လေ့လာသူ စာရေးဆရာသန်းစိုးနိုင်၊ ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစုအဖွဲ့က ဦးမြအေး တို့ ဖြစ်ပါတယ်။
2018-10-06
၂၀၁၈ အောက်တိုဘာလ ၆ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "အစိုးရစီမံကိန်းနဲ့ တင်ဒါငွေကြေး ကွာဟမှုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ ဦးကျော်ဇေယျ (လွှတ်တေ်ာ ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီး)၊ ဦးလှဌေး (လွှတ်တေ်ာ ကိုယ်စားလှယ်၊ ရန်ကုန်တိုင်း ဒေသကြီး)၊ ဦးအေးကျော် (ပွင့်လင်းမြန်မာ ရှေ့ဆောင်အဖွဲ့ OMI) တို့ ဖြစ်ပါတယ်။