သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-31
စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးဟာ မျှော်လင့်တာထက် ပိုမိုလျင်မြန်စွာ အောင်မြင်မယ့်အလားအလာတွေ မြင်တွေ့နေရပြီဆိုတဲ့ သုံးသပ်ချက်အပါအဝင် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသဘိဝံသ၊ CDM ဗိုလ်ကြီး ညီသုတနဲ့ NLD ဗဟိုကော်မတီဝင် ဒေါ်နီလာဝင်း တို့ရဲ့ တော်လှန်ရေးဆိုင်ရာ အတွေ့အကြုံနဲ့ ရှုမြင် သုံးသပ်ချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2021-12-24
ဒီအပတ် RFA စကားဝိုင်းမှာ လေးကေ့ကော် ဒေသတိုက်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်၊ NUG အစိုးရကို ကူညီမယ့် အမေရိကန်အစိုးရဲ့ ဥပဒေတွေအပြင် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လယ်ယာမြေတွေကို အလွဲသုံးစားရောင်းချ စီးပွားရှာနေမှုတွေကို တင်ပြထားပါတယ်။
2021-12-17
ဒီတစ်ပတ်မှာတော့ နွေဦးတော်လှန်ရေးမှာ “လျှို့ဝှက်ချက်နဲ့ ပတ်သက်လို့ ဘာတွေထိန်းသိမ်းသင့်သလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးထားပါတယ်။
2021-12-10
ဒီတစ်ပတ်အစီအစဉ်မှာတေ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်တဲ့သူတွေကို အကြမ်းဖက်သတ်ဖြတ်၊ နှိပ်စက်၊ ဖမ်းဆီးတာတွေ မရပ်ပေမယ့် လူငယ်တွေက အကြောက်တရားကနေ လွတ်မြောက်ပြီး ဆက်လက် လှုပ်ရှားနေတဲ့အကြောင်း အပြင် လူငယ်တွေရဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစု၊ စစ်ကောင်စီတပ်တွေအပေါ် အမြင်တွေ ဆွေးနွေးကြတာဖြစ်ပါတယ်။
2021-12-03
မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို ကုလသမဂ္ဂ ခန့်အပ်လွှာစိစစ်ရေးကော်မတီက လက်မခံဘဲ ဦးကျော်မိုးထွန်းကို ဆက်ပြီး အသိအမှတ်ပြုမှု၊ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ လက်နက်ကုမ္ပဏီတွေ မှာ သြစတြေးလျအစိုးရ ရင်းနှီးမြှုပ်နှံငွေ ရောက်ရှိနေမှု၊ ဗဟန်းဝိသုဒ္ဓါရုံကျောင်းတိုက်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းမှု၊ မြန်မာ စစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှု စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက စစ်ဆေးမယ့်သတင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။