သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-05-26
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ပြည်သူတွေဟာ အကူအညီတွေ ထိထိရောက်ရောက်မရတဲ့အတွက် စားဝတ်နေရေးအတော်လေး ခက်ခဲနေတဲ့အပြင် ကျန်းမာရေးအခြေအနေတွေ ဆိုးဝါးလာမှာလည်း စိုးရိမ်ရတယ်လို့ ကူညီပေးရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပြန်လည်ထူထောင်ရေးအခြေအနေနဲ့ အဓိက လိုအပ်ချက်တွေအကြောင်း ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။
2023-05-19
စစ်တွေက ရိုဟင်ဂျာတွေ သေဆုံးတဲ့အရေအတွက်နဲ့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးတဲ့အရေအတွက်ဟာ အလွန်ကွာဟနေပါတယ်။ ဘယ်လိုစီမံဆောင်ရွက်ခဲ့လို့လဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဒီစကားဝိုင်းမှာ ကြားရမှာပါ။
2023-05-12
မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေကို တိတ်တဆိတ်တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်နေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံဟာ သူတာဝန်ယူထားတဲ့ကာလအတွင်း မြန်မာပြည်အကျပ်အတည်းကို အပြောင်းအလဲဖြစ်အောင် ဖြေရှင်းနိုင်မလားဆိုတာ ဆွေးနွေးထားပါတယ်။
2023-05-05
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီကို တရုတ်အစိုးရက အတိအလင်း ထောက်ခံအားပေးလာနေတာနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအရေး ပါဝင်လှုပ်ရှားနေသူတွေရဲ့ သဘောထားတွေကို ဆွေးနွေးတင်ပြထားပါတယ်။