သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-28
ဒီတပတ်အစီအစဉ်မှာတော့ လာမယ့် စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် NUG အစိုးရနဲ့ စစ်ကောင်စီ အပြိုင်တင်ကြတဲ့အခါ ပြည်သူတွေဘက်က ရနိုင်မလား၊ စစ်ကောင်စီဘက်က ရနိုင်မလားဆိုတာ ဆွေးနွေးထားပါတယ်။
2021-08-21
ဒီတစ်ပတ် RFA စကားဝိုင်း အစီအစဉ်မှာ မကွေးတိုင်းနဲ့ ချင်းပြည်နယ်က ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပေါ်ပေါက်လာနိုင်တဲ့ တိုက်ပွဲတွေ၊ အာဆီယံနဲ့ တခြားနိုင်ငံတွေရဲ့ ကြားဝင်စေ့စပ်ရေး ကြိုးစားမှုတွေအပေါ် လူထုရဲ့သဘောထားနဲ့ နွေဦးတော်လှန်ရေးအပြီး ဖြစ်ပေါ်လာနိုင်တဲ့ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆွေးနွေးတင်ပြထားပါတယ်။
2021-08-13
ဒီတပတ်အစီအစဉ်မှာတော့ “စစ်ကောင်စီဆွဲဆန့်တဲ့သက်တမ်းနှစ်နှစ်က တကယ်ကြာနိုင်မလား” ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးထားကြပါတယ်။
2021-08-07
ဒီအပတ် RFA စကားဝိုင်းမှာ အာဏာသိမ်းစစ်တပ်က အိမ်စောင့်အစိုးရဖွဲ့စည်းမှု၊ ကိုဗစ်ရောဂါထိန်းချုပ်မှုနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အသင့်ဖြစ်နိုင်မှု အခြေအနေတွေကို မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောနဲ့ ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ ဗိုလ်ကြီး ညီသုတ တို့က ပါဝင်ဆွေးနွေးထားပါတယ်။
2021-08-04
ဒီတပတ်အစီအစဉ်မှာ.... စစ်တပ်အာဏာသိမ်းပြီးခြောက်လ အခြေအနေကို ဆွေးနွေးထားပါတယ်။ ဒီကာလအတွင်း မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍကြီးလေးရပ်မှာ အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ အကြောင်းနဲ့ တိုင်းပြည်ပြန်လည်ထူထောင်နိုင်ဖို့ တိုင်းရင်းသား ပြည်သူအားလုံး လက်ရှိရှိနေတဲ့ ညီညွတ်ရေးအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့လိုတဲ့ အကြောင်းတွေ ဆွေးနွေးထားပါတယ်။