ခေတ်စနစ်ရဲ့ အရိပ်မည်းများ

နေရိန်ကျော်
2022.05.15

 

 

ယူကရိန်းနိုင်ငံက Natalia Berezhnaya ဆိုတဲ့ အသက် ၈၈ နှစ်အရွယ်အဖွားအိုဟာ ငယ်ငယ်ကလဲ နာဇီတို့ကြောင့်စစ်ပြေးဒုက္ခသည်ဖြစ်ခဲ့သလို အခုလည်း ရုရှားအာဏာရှင် ပူတင်ကြောင့် စစ်ဘေးဒုက္ခသည် ဖြစ်နေရပါတယ်။ ကယားပြည်နယ်က အသက် ၉၁ နှစ်အရွယ်အဖွားအိုလည်း ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်က စစ်ပြေးရပြီး နောက်ပိုင်းမှာလဲ စစ်အာဏာရှင်စနစ်ကြောင့် ဘဝတစ်လျှောက် စစ်ရဲ့ ဒုက္ခတွေခံခဲ့ရသလို အခုလည်း စစ်ဘေးဒုက္ခသည်ဘဝ ပြန်ရောက်နေရပါတယ်။ မြန်မာနဲ့ ယူကရိန်းက စစ်ဘေးဒုက္ခသည်တွေအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


 

ပြီးခဲ့တဲ့ မတ်လ ၃ဝ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ကြာအင်းရွာက အထက်တန်းကျောင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်က လူနေအိမ်တွေဆီ လက်နက်ကြီးနဲ့ပစ်လို့ နေအိမ်တွေပေါ် ကျည်ဆန်ကျပြီး အရပ်သားပြည်သူတွေရဲ့ အိမ်တွေ ထိခိုက်ပျက်စီးသွားတာကို တွေ့ရပါတယ်။ အဲဒီအပြင် ဒီရက်ပိုင်းမှာပဲ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်လည်း ခေါင်းပေါ်ကို လက်နက်ကြီး ကျည်တည့်တည့်မှန်ပြီး သေဆုံးရတယ်လို့ ဒေသခံက ပြောပါတယ်။ စစ်ကောင်စီတပ်ရောက်လာရင် လူငယ်တွေကို ဖမ်းဆီးသတ်ဖြတ်တာ ပေါ်တာဆွဲတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ အာရှလမ်းမကြီးမှာလည်း ပစ်ခတ်တာတွေရှိတဲ့အတွက် အန္တရာယ်တွေရှိနေပါတယ်။ ဒီအကြောင်းတွေကို ကိုနေရိန်ကျော် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


 

ရန်ကုန်မြို့၊ မြေနီကုန်းမှာ ရေးဆွဲထားတဲ့ ဂရပ်ဖ်တီပန်းချီတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေး အာဏာပိုင်တွေက ဖျက်လိုက်တဲ့ လုပ်ရပ်အပေါ် ပြင်သစ်သံရုံးအပါအဝင် အနုပညာသမားတွေက ရှုတ်ချလိုက်ကြပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ခေတ်စနစ်ရဲ့အရိပ်မည်းများ အစီအစဉ်ကနေ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


 

မီးဘေးသင့်ပြည်သူတွေဘယ်လိုနေထိုင်နေရလဲဆိုတာနဲ့ပတ်သက်လို့ ပုလဲမြို့နယ် ပန်းရွာကပြည်သူတွေရဲ့ပြောပြချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ခေတ်စနစ်ရဲ့ အရိပ်မည်းများ အစီအစဉ်ကနေတင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


စစ်တပ်အာဏာသိမ်းခဲ့တဲ့အချိန်ကနေ တစ်နှစ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ် နှိမ်နင်းမှု ကြားမှာ သေဆုံးရတဲ့ အသက် ၁၈ နှစ်နဲ့အောက် ကလေးပေါင်း အနည်းဆုံး ၁၃၀ နီးပါးရှိခဲ့တယ်လို့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့နဲ့ ပြင်ပက လွတ်လပ်တဲ့ စောင့်ကြည့် အဖွဲ့တွေက ထုတ်ပြန်ထားတဲ့အကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


ချင်း၊ မကွေး၊ စစ်ကိုင်းသုံးပွင့်ဆိုင်နေရာက ဂန့်ဂေါဒေသမှာ လေးလပတ်အတွင်း ပြည်သူတွေရဲ့ အိမ် ၂၀၀ ကျော် မီးရှို့ခံရ၊ အနည်းဆုံးလူ ၅၀ ကျော် အသတ်ခံရပြီး၊ ၅၀၀၀ ကျော် ထွက်ပြေးနေရသလို၊ စစ်ကောင်စီဘက်ကလည်း အကျအဆုံးတွေရှိခဲ့တဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


ဒီတစ်ပတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အထိအနာဆုံးဖြစ်ရတဲ့ ခရီးသွားလုပ်ငန်းဂယက်မှာ၊ ခရီးသည်ကိုမှီနေရတဲ့ ပုဂံဒေသခံပြည်သူတွေရဲ့လက်ရှိဘဝကို တင်ပြထားပါတယ်။ မြင်း၊ နွား မကျန် ပေါင်နှံရောင်းချရသလို အတိုးပေါ်အတိုးဆင့် ချေးငွေတွေနဲ့နစ်နေတဲ့အသံ တွေကြားရမှာပါ။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


ဒီတပတ်မှာတော့ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြင်းကကုန်းရွာမှာ အာဏာပိုင်တွေရဲ့ နှိပ်စက်ခံရပြီး သေဆုံးရတဲ့စစ်သားဟောင်း လူငယ်တစ်ယောက်အကြောင်းနဲ့ အချုပ်သားဘဝမှာ နှိပ်စက်ခံရလို့ ကိုယ်အင်္ဂါထိခိုက်သွားတဲ့ သူတစ်ယောက်ရဲ့ အတွေ့အကြုံအပြင် သူတို့ရှာနေတဲ့ တရားမျှတမှုတွေကို တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။