မြောက်ဖျားက ရွှေတောများ


2012.08.30

အပိုင်း (၁ဝ) - ရွှေသတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးဖြစ်သင့်သလဲ

RFA က သွားရောက်လေ့လာခဲ့တဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက မိုင်းနောင်ရွှေတွင်းတွေအပါအဝင် ရွှေသတ္တုတူးဖေါ်ရေးလုပ်ငန်းတွေရဲ့ ရှေ့အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ပညာရှင်တွေအပါအဝင် စောင့်ကြည့်လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် ကိုဘုန်းမြတ် က " မြောက်ဖျားကရွှေတောများ" အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းအနေနဲ့ စုစည်းတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အပိုင်း(၉) ရွှေသန့်စင်ရေးလုပ်ငန်းတွေနဲ့ ရွှေပန်းတိမ်တွေအကြောင်း

မြန်မာနိုင်ငံမှာ တစ်နှစ်ကို ရွှေတန်ချိန် ဘယ်လောက်အထိ ထွက်ရှိနေတယ်ဆိုတာကို တိတိကျကျ မသိရှိနိုင် သေးပေမယ့် ရွှေတွင်းအသီးသီးကနေထွက်ရှိလာတဲ့ ရွှေသတ္တုတွေကို သန့်စင်တဲ့လုပ်ငန်းတွေမှာ တစ်ရက်ကို ရွှေပိသာနဲ့ချီပြီး နေ့စဉ်သန့်စင်နေကြတာဖြစ်ပါတယ်။ မန္တလေးမြို့မှာရှိတဲ့ ရွှေသန့်စင်ရေးလုပ်ငန်းတွေနဲ့ရွှေပန်းတိမ်တွေအကြောင်းကို RFA သတင်းထောက် ကိုဘုန်းမြတ် က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အပိုင်း (၈) သဘာဝသယံဇာတဖေါ်မှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေး

ကချင်ပြည်နယ်အတွင်းမှာ ရွှေသတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ အပါအဝင် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲတာ တွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုပတ်သက်နေသလဲဆိုတာကို RFA က သွားရောက်လေ့လာခဲ့တဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင် ရွှေတွင်းတွေအကြောင်းကို အခြေခံပြီး RFA သတင်းထောက် ကိုဘုန်းမြတ် က တင်ပြပေးမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အပိုင်း (၇) ရွှေတူးဖေါ်ရေးလုပ်ငန်းတွေကနေ ဘယ်သူတွေအကျိုးအမြတ်ရနေပါသလဲ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ရွှေတူးဖေါ်ရေးလုပ်ငန်းတွေမှာ အစိုးရ ပြဌာန်းထားတဲ့ ဥပဒေစိုးမိုးမှု မရှိပါဘူး။ ဒေသဆိုင်ရာ အစိုးရအာဏာပိုင်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က လုပ်ပိုင်ခွင့်တွေ ချပေးထားတာဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ရွှေတွင်းတွေကနေ ဒေသခံတွေ အကျိုးအမြတ်ရရှိရဲ့လားဆိုတာကို အာအက်ဖ်အေ သတင်းထောက် ကိုဘုန်းမြတ် က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အပိုင်း (၆) - ရွှေတူးဖော်မှုလုပ်ငန်းတွေအပေါ် ဒေသခံတွေအမြင်

ကချင်ပြည်နယ် မိုင်းနောင်ကျေးရွာတဝိုက်မှာ ရွှေသတ္ထုတူးနေတဲ့ ကုမ္ပဏီတွေ အများအပြားရှိနေပေမယ့် အဲ့ဒီကျေးရွာတွေဟာ ဖွံံ့ဖြိုးမှုမရှိတဲ့ ရွာတွေ ဖြစ်ပါတယ်။ ရွှေလုပ်ငန်းတွေအပေါ် ဒေသခံတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုဘုန်းမြတ်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အပိုင်း (၅) - အင်းတော်ကြီးကန်နဲ့ ရွှေလုပ်ငန်းတွေအကြောင်း

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က ကမ္ဘာကျော် အင်းတော်ကြီးရေကန်ဟာ ကန်အနီးတဝိုက်က ရွှေတွင်းတွေက ထွက်ရှိတဲ့ အနီရောင် ရွှံ့နွံရေတွေစီးဝင်တာကြောင့် ကန်ရေတွေဟာ ကုန်းပိုင်းနဲ့အစပ်မှာ ညစ်နွမ်းပျက်စီးနေပြီး ဒေသခံတံငါသည်တွေ ဝမ်းရေးအတွက် အခက်တွေ့နေရပါတယ်။ အာဆီယံအမွေအနှစ်စာရင်းဝင် အင်းတော်ကြီးကန်ကို ထိန်းသိမ်းဖို့ လိုအပ်နေတဲ့အကြောင်းနဲ့ ရွှေလုပ်ငန်းတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုတွေအကြောင်းကို RFA သတင်းထောက် ကိုဘုန်းမြတ် က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အပိုင်း (၄) - မိုင်းနောင်ကျေးရွာမှာ ရွှေတွင်းတွေကြောင့် သောက်သုံးရေ ရှားပါးလာတဲ့အကြောင်း

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာတဝိုက်မှာ ရွှေတွင်းလုပ်ငန်းတွေ များလာတာကြောင့် ဒေသခံတွေ အားထားနေရတဲ့ ခေါင်းတုံးချောင်း တိမ်ကောလာနေပြီး ရေတွင်းတွေပါ ခမ်းခြောက်လာတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ဆိုးကျိုးသက်ရောက်မှုတွေ များလာနေပါတယ်။ RFA သတင်းထောက် ကိုဘုန်းမြတ် က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အပိုင်း (၃) - ရွှေတွင်းနဲ့ မူးယစ်ဆေးဝါးအကြောင်း

ဒီတစ်ပတ်မှာ ကချင်ပြည်နယ် မိုင်းနောင်ရွှေလုပ်ငန်းတွေက လုပ်သားတွေကြားမှာ ဘိန်းနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူများနေတဲ့အကြောင်းကို RFA သတင်းထောက် ကိုဘုန်းမြတ် က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အပိုင်း() - ရွှေလုပ်သားတွေအကြောင်း တင်ပြချက်

ဒီတစ်ပတ်မှာ ကချင်ပြည်နယ် မိုင်းနောင် ရွှေလုပ်ကွက်တွေကို သွားရောက်လေ့လာခဲ့ရာမှာ သိရှိခဲ့ရတဲ့ ရွှေလုပ်သားတွေအကြောင်းကို တင်ပြပေးမှာပါ။

ရွှေလုပ်သားတွေလို့ဆိုတာနဲ့ ဝင်ငွေကောင်းကြမယ်လို့ ယေဘုယျ ယူဆကြမှာပါ။ ဒါပေမယ့် တွေ့ရတဲ့ ရွှေလုပ်သားတွေဟာ ဆင်းဆင်းရဲရဲနဲ့ နေ့စဉ်ဝမ်းရေးကို ဖြေရှင်းနေကြရသူတွေ ဖြစ်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုဘုန်းမြတ် က စုစည်းတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အပိုင်း(၁) - မိုင်းနောင်ကျေးရွာက ရွှေတောတွေအကြောင်း

ဒီတစ်ပတ်မှာတော့ ကချင်ပြည်နယ်က မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာက ရွှေတွင်းလုပ်ကွက်တွေရဲ့ မြင်ကွင်းကို ပထမဦးစွာ အာအက်ဖ်အေ သတင်းထောက် ကိုဘုန်းမြတ်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


 



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။