တောင်ကုတ် NLD အမတ်လောင်းသုံးဦးကို AA တပ်ဖွဲ့ဝင်တွေ ဖမ်းသွားတာလို့ လွတ်မြောက်လာသူပြော
စောဖိုးခွား
2020.10.14
2020.10.14
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ NLD ကိုယ်စားလှယ်လောင်းသုံးဦးကို ရခိုင့်တပ်တော် AAတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတာလို့ အခင်းဖြစ်နေရာကနေ လွတ်မြောက်လာတဲ့ NLD အောင်နိုင်ရေးဝန်းရံလှုပ်ရှားသူ ကိုသန့်ဇင်ဖြိုးက ပြောပါတယ်။
ကိုယ်စားလှယ်လောင်းသုံးယောက်ကိုပဲ ဖမ်းဆီးသွားတာဖြစ်ပြီးတော့ ကိုသန့်ဇင်ဖြိုးအပါအဝင် NLD ပါတီ အောင်နိုင်ရေးအဖွဲ့ဝင် သုံးဦးကတော့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာပါတယ်။ ကိုသန့်ဇင်ဖြိုးကို RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။